မှန်တင်ခုံရှေ့ အကျအနထိုင်ပြီး အလှတွေပြင်နေတဲ့ သမီးလေး Treasure ကို ပုံလေးတွေခိုးရိုက်ထားတဲ့ စန္ဒီမြင့်လွင်

Posted on

ပရိတ်သတ်ကြီးရေ အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင် ကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။သူမကတော့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီး သာယာတဲ့ အိမ်ထောင်ရေး လေး ကို တည်ထောင်ထားကာ ချစ်စရာကောင်းတဲ့ သမီးလေး ခင်လင်းထင် ကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က အနုပညာရှင် တစ်ဦးဖြစ်ပေမယ့်လည်း ချစ် ခင်ပွန်းအပြင် လည်လွန်း တတ်လွန်းပြီး ချစ်စရာကောင်းလွန်း တဲ့ သမီးလေးတို့နဲ့အတူ နေ့စဉ် ဘဝလေးကို ကြည်နူးပျော်ရွှင်စွာ နဲ့ ဖြတ်သန်းနေပြီး Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမရဲ့ သမီးလေးကတော့ နှုတ်ခမ်းစူစူ ပါးဖောင်းဖောင်းလေးနဲ့ လည်လွန်းတတ်လွန်းတဲ့ ပုံရိပ်လေးတွေကြောင့် လည်း ပရိသတ်တွေ အသည်းယားကာ အချစ်တွေပိုနေရတာပါ။

သူမက သမီးလေးနဲ့အတူ မိသားစု ပုံရိပ်လေးတွေ ကို ပရိတ်သတ်ကြီးသိအောင် မျှဝေပေးလေ့ရှိပြီး ယခုလည်းပဲ သူမရဲ့ မှန်တင်ခုံလေးရှေ့ မှာ အကျအနထိုင်ပြီး အားရပါးရ အလှတွေ ပြင်နေတဲ့ သမီးလေးကို အသည်းတွေယားပြီး ဓာတ်ပုံလေးတွေ ခိုးရိုက်ထားပြီး ပရိတ်သတ်ကြီးကို ချပြပေးလာပါတယ်။

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ‘မှန်တင်ခုံရှေ့ အလှပြင် ထရက်ရှာ မလှချင် Treasure ချလပ် mommydee ‘ ဆိုကာ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ ပုံလေးတွေ ကို မျှဝေထားတာဖြစ်ပါတယ်။

အရမ်းကို လည်လွန်းပြီး တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပုံစံမျိုးစုံတတ်တဲ့ သမီးလေး Treasure လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source :Sandi Myintlwin

zawgyi




surce :Sandi Myintlwin

Leave a Reply

Your email address will not be published. Required fields are marked *