ယနေ့ (၅၄)နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဧရာဝတီစင်တာ(ရန်ကုန်)သို့ သိန်း ၂၀၀ လှူဒါန်းခဲ့တဲ့ ရန်အောင်

Posted on

ဒီဇင်ဘာ(၁၄)ရက်နေ့ ယနေ့တွင် အသက် (၅၄)နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ ရန်အောင် က မွေးနေ့အလှူအဖြစ် ဧရာဝတီကိုဗစ် ကုသရေးစင်တာ(ရန်ကုန်) သို့ ငွေကျပ် သိန်း(၂၀၀)လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဆောင် ကာ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်အတည်ပြု လူနာများ အား အခမဲ့ ကုသပေးမှု များ ဆောင်ရွက်ပေးလျက်ရှိသည့် ဧရာဝတီ စင်တာ(ရန်ကုန်) အတွက် ထပ်ဆင့်အကယ်ဒမီဆုရှင် သရုပ်ဆောင် ရန်အောင် မှ သူရဲ့ (၅၄)ပြည့် မွေးနေ့အလှူအဖြစ် လောလောဆယ် ကျပ်သိန်းနှစ်ရာကို ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

ယခုလို ကိုဗစ်လူနာများအတွက် ကူညီပံ့ပို့း လှူဒါန်းပေးသည့်အတွက် ဧရာဝတီကိုဗစ် ကုသရေးစင်တာ ကိုယ်စား ဧရာဝတီဖောင်ဒေးရှင်း မှ အထူးကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွာဥစ္စာများလည်း ဒီရေအလား တိုးတက်၍ အများအကျိုးကိုလည်း ဆတက်ထမ်းပိုး ကူညီသယ်ပိုးနိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပေးပါသည်။

ပရိတ်သတ်ကြီးလည်း ရန်အောင်ရဲ့ အလှူဒါန အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမယ်လို့ ထင်ပါတယ်နော်။

credit

Zawgyi


ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဆောင် ကာ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်အတည်ပြု လူနာများ အား အခမဲ့ ကုသပေးမှု များ ဆောင်ရွက်ပေးလျက်ရှိသည့် ဧရာဝတီ စင်တာ(ရန်ကုန်) အတွက် ထပ်ဆင့်အကယ်ဒမီဆုရှင် သရုပ်ဆောင် ရန်အောင် မှ သူရဲ့ (၅၄)ပြည့် မွေးနေ့အလှူအဖြစ် ကျပ်သိန်းနှစ်ရာကို ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *