ရခိုင်ပြည်နယ်၊ ငပလီကမ်းလွန် မှာ တရုတ် အာကာသယာဉ် အစိတ်အပိုင်း လို့ ယူဆရ တဲ့ အပိုင်းအစ တစ်ခု ပြုတ်ကျ

Posted on

ရခိုင်ပြည် နယ် ငပလီ ပင်လယ်ကမ််းအနီး ပင်လယ်ပြင်ထဲသို့ တရုတ်နိုင်ငံပိုင် ဂြိုလ်တု အစိတ်အပိုင်းတစ်ခု ဟာ ယမန်နေ့ညက ပြုတ်ကျလာခဲ့ကြောင်း သိရပါတယ်။ ငပလီ နဲ့ (၅) မိုင်ခန့် ကွာဝေးတဲ့ သံတွဲမြို့မှ လည်း ဒုံးဟူသော အသံကြားပြီး အိမ်တွေ တုန်ခါသွားကြပါတယ်။

ရခိုင်ပြည်နယ်၊ ငပလီကမ်းလွန် မှာ တရုတ် အာကာသယာဉ် အစိတ်အပိုင်း လို့ ယူဆရ တဲ့ အပိုင်းအစ တစ်ခု ပြုတ်ကျလာ ခဲ့ပါတယ်။

ဒီဇင်ဘာလ(၂၇) ရက်နေ့ ည ၁၀ နာရီကျော်ခန့် က ရခိုင်ကမ်းလွန်ပင်လယ်ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ကိုယ်တိုင်မြင်လိုက်ရ ပြီး ဓာတ်ပုံ ရိုက်ထားနိုင်ခဲ့တဲ့ မာန်အောင်မြို့နယ်၊ မြတ်မချောင်ကျေးရွာနေ ကိုအောင်လင်းထွန်း က ‘ ည ၁၀ နာရီကျော် လောက်မှာ ကောင်းကင်ပေါ် က မီးတန်းတစ် ခု မြောက်ဘက်က နေ မာန်အောင်ကျွန်းပေါ် ကို ဖြတ်ပြီး မာန်အောင်မြို့ တောင်ဘက် ပင်လယ်ထဲ ကို ကျသွားပါတယ်။ အချိန်က (၁၀) နာရီခွဲ လောက်ရှိပါမယ် မီးတန်းကြီးဆို တော့ တစ်ကျွန်းလုံး က ဒေသခံတွေ မြင်ရနိုင်ပါတယ်။ ကျွန်တော်တို့က ရွာပြင်ကနေ ကြည့်တာဆို တော့ ထင်ထင်ရှားရှားကို မြင်ရပါတယ်’ လို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ကမ်းလွန် ပင်လယ်မှာ ဒီဇင်ဘာလ ၂၇ ရက် မှာ တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်ရဲ့ အစိတ်အပိုင်းတွေ ည ၁၀ နာရီ ၈ မိနစ်ကနေ ၁၀ နာရီ ၃၄ မိနစ်အတွင်း ပြုတ်ကျလာ နိုင်တဲ့အတွက် သံတွဲမြို့ နဲ့ မာန်အောင်မြို့နယ်တို့ မှာ ငါးဖမ်းလှေတွေ၊ မော်တော်ဘုတ်တွေ ကို အန္တရာယ် မဖြစ်ရအောင် သတိပေးမှု တွေ ထုတ်ပြန်ထားခဲ့တယ် လို့ ကျောတ်ဖြူမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော် က ထံမှ သိရပါတယ်။

ထိုသို့ သတိပေးချက်ထုတ်ပြန်ထားတဲ့အတွက်ကြောင့် သူတို့မြင်တွေ့လိုက်ရ တဲ့ ၎င်းမီးတန်းကြီးကို သတိပေးချိန် အတွင်းမှာ ကျဆင်းလာတာ ဖြစ် လို့ တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ် ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ လည်း ဒေသခံတွေက ထင်ကြေးပေး ပြောဆိုနေကြပါတယ်။

ပြုတ်ကျလာတဲ့ အစိတ်အပိုင်း ဟာ မာန်အောင်လေဆိပ် ရဲ့ တောင်ဘက်ရေမိုင် (၄၅)မိုင်ခန့်၊ သံတွဲလေဆိပ် ရဲ့ အနောက်တောင် ဘက် ရေမိုင် (၃၃)ခန့်၊ ပုသိမ်လေဆိပ် ရဲ့ အနောက်မြောက်ဘက် ရေမိုင်(၆၀)ခန့် ပင်လယ်ပြင်မှာ အာကာသယာဥ် ရဲ့ Space flight အစိတ်အပိုင်း တွေ ကျရောက်နိုင်ကြောင်း သက်ဆိုင်ရာမှ အကြောင်းကြားထားတယ် လို့ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတွေက နေ တစ်ဆင့်သိ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *