အမြန်လမ်းပေါ်တွင် ရည်ရွယ်ချက်ဖြင့် လုပ်ကြံထားမှုကြောင့် ယာဥ်အန္တရာယ် ဖြစ်ခဲ့ရသည့် အဆိုတော် ထွန်းထွန်း

Posted on

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ၊ အမြန်လမ်း မိုင်တိုင် (၂၂၆) ဝန်းကျင်

ယမန်နေ့ ၉.၁.၂၀၂၁)ရက်၊ ည(၁၀း၃၀) အချိန်တွင် ရန်ကုန်မှ မန္တလေးသို့ သရုပ်ဆောင် အဆိုတော် ထွန်းထွန်း မောင်းနှင်လာာ Alphard အဖြူရောင်ယာဉ်သည် အမြန်လမ်း မိုင်တိုင်(၂၂၆)အရောက် အတက်အဆင်း လမ်းပျောက်သည့် နေရာတွင် ခန့်မှန်းအရှည်(၆)ပေ အချင်း (၅)လက်မ (၆)လက်မ ရှိသော သစ်လုံးတစ်လုံးသည်

လမ်းအလယ်တွင် ကန့်လန့်ဖြတ် အနေအထားဖြင့် ရုတ်တရက် တွေ့ရှိလိုက်ရသဖြင့်ကီလို (၁၀၀) အရှိန်ဖြင့် သရုပ်ဆောင် ထွန်းထွန်း မောင်းနှင်လာသောယာဉ်မှာ သစ်လုံးကို ရှောင်တိမ်းရင်း ကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့် ကားဘီးပေါက်၊ ဂီယာဘောက်ကွဲ၊ တိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထွန်းထွန်းမှ ၎င်း၏ ကားအားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်း လာခဲ့ပါတယ်။ ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် (၂၃၀)အရောက် တွင်ကားမှာ မောင်းမရတော့ပဲ စက်သေသွား ခဲ့ပါသည်။

ည(၁၀း၃၀)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့် လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိ ကြောင်းဖုန်းဆက် အကူအညီတောင်းလာပါ သဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ်သွားရောက်ကူညီခဲ့ရပါသည်။

ထိုနေ့ ည(၁၂း၀၀)နာရီအချိန် တွင် ကားပျက်နေသည့် အမြန်လမ်း မိုင်တိုင်(၂၃၀)သို့ ရောက်ရှိပြီးမောင်းမရတော့ သည့်ယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး ကိုထွန်းထွန်း ကိုတော့ မျိုးဆက်သစ် မြတ်ပါရမီ အသင်းမှ ကယ်ဆယ်ရေးယာဉ် ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီ ပေးခဲ့ရပါသည်။

မိဘပြည်သူများ အနေဖြင့်လည်း အမြန်လမ်းပေါ်တွင် လူသားချင်းကိုယ်ချင်း စာနာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက် အစုလိုက် အပြုံလိုက် မိသားစုလိုက်သတ်ဖို့ ဝန်မလေးတဲ့သူ တွေ အသင့်ရှိနေ ကြတယ်ဆိုတာ သတိပေးရင်းနဲ့ အမြန်လမ်းပေါ်မှ ခရီးသွားလာ နေကြသေ ာမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးသို့ ချောချောမွေ့မွေ့ ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။

မိတ္ထီလာမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ် မြတ်ပါရမီအသင်း

၀၉-၇၉၉၂၀၄၁၀၆၊ ၀၉-၄၀၂၆၈၄၉၉၆

crd. Kyaw Ko Ko

Leave a Reply

Your email address will not be published. Required fields are marked *