ရန်ကုန်-မန္တလေး အမြန်လမ်း (၁၁၅)မိုင် တိုးလ်ဂိတ် ပြန်ဖွင့်ပြီ

Posted on


ရန်ကုန်-မန္တလေး အမြန်လမ်း (၁၁၅)မိုင်တိုးလ်ဂိတ် တွင် နံနက်(၉)နာရီမှ(၁၂)နာရီအထိ ရန်ကုန်ဘက် မှလာသော ဖြတ်သန်းသွားလာ မည့် မော်တော်ယဥ်များ အား ကျန်းမာရေး ထောက်ခံချက် ပါ၊မပါ စစ်‌ဆေးပြီး ကျန်းမာရေး ထောက်ခံချက် ပြသနိုင်ခြင်းမရှိ သော မော်တော်ယာဥ်များအား ဖြတ်သန်းခွင့် မပြုကြောင်းလည်း သိရပါတယ်။

ရန်ကုန်ဖက်မှ လာသော မော်တော်ယာဥ်များအနေဖြင့် ကျန်းမာရေး ထောက်ခံချက် ပြသနိုင်ခြင်းမရှိပါ က ရန်ကုန် – မန္တလေး အမြန်လမ်း (၁၁၅) မိုင် တိုးလ်ဂိတ်အား ဖြတ်သန်းခွင့်ရမည် မဟုတ်ကြောင်း နောက်ကြောင်းသို့ ပြန်လှည့်ရမည် ဟု ၎င်းဂိတ်တွင် စစ်ဆေးနေ့ သည့် တာဝန်ရှိ သူတစ်ဦးထံမှ သိရှိရပါသည် ။

ကျန်းမာရေးထောက်ခံချက် ပါ၊မပါ စစ်ဆေးရာတွင် လူဦးရေ( ၃)ယောက်အောက်သာ စီးနင်းလိုက်ပါသော အိမ်စီးကားတွေ တော့ ဖြတ်သန်းခွင့်ပေးထား တယ် လူဦးရေ(၃)ယောက် ထက် ကျော်လွန်ပြီး စီးနင်းလာသော မော်တော်ယဥ်များအနေဖြင့် ကျန်းမာရေး ထောက်ခံချက် ပြရမယ် မပြနိုင်ရင် တော့ ဖြတ်သန်းခွင့် မပြုဘူး ပြန်လှည့်ရမည်

ယခုမှာတော့ ကျန်းမာရေး ထောက်ခံချက် မပါလည်း မော်တော်ယဥ်များအားလုံး ကို ဖြတ်သန်းခွင့် ပြုလိုက်ပြီဟုလည်း ၎င်းက ပြောကြားသည် ။

(၁၁၅)မိုင်တွင် အဖွဲ့ ပေါင်းစုံဖြစ် ရန်ကုန်မှ နေပြည်တော် သို့ သွားမည့် မော်တော်ယဥ်များအား ကိုဗစ် ကာကွယ်တားဆီးရေး အတွက် ယနေ့နံနက် (၉) နာရီအချိန် မှစတင် စစ်ဆေးနေခြင်း ဖြစ်ပါသည် ။

source :BagoWeekly

Zawgyi






source :BagoWeekly

Leave a Reply

Your email address will not be published. Required fields are marked *