ရုပ်ရှင်ဇာတ်ကား တွေ နဲ့ ပတ်သက်ပြီး ဆင်ဆာမလိုအပ်တော့ ကြောင်း ဆန္ဒ ထုတ်ဖော်လိုက် တဲ့ ဒါရိုက်တာ ညိုမင်းလွင်

Posted on

ဒါရိုက်တာ ညိုမင်းလွင် ကတော့ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ပတ်သက်ပြီး ကိုယ်ဖြစ် ကိုယ်ခံ ကိုယ် လုပ်တာ ကိုယ်တာဝန် ယူရမှာ ဖြစ်တာကြောင့် ရုပ်ရှင် ဆင်ဆာမလိုအပ် တော့ကြောင်း သူဆန္ဒကို ထုတ်ဖော်ပြော လိုက်ပါတယ်နော်။

သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ ညိုမင်းလွင် က တော့ ပရိသတ်တွေ တခဲနက် အားပေးဝန်းရံနေ ကြတဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ အများနဲ့မတူ ဆန်းသစ်တဲ့ အိုင်ဒီ ယာတွေနဲ့ အနုပညာလက်ရာ တွေဖန်တီးတတ်ပြီး ပရိသတ်တွေ ကို အမြဲချပြ လေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာ တော့ ဒါရိုက်တာ ညိုမင်းလွင်က ရုပ်ရှင်ဇာတ်ကား တွေနဲ့ ပတ်သက်ပြီး ဆင်ဆာ မလိုအပ်တဲ့ အကြောင်း ကို လူမှုကွန်ယက် စာမျက်မှာ’ အရင်တုန်းက လည်းပြောခဲ့ပါ တယ်၊ အခုလည်း ပြောပါတယ်၊ နောင်ကို လည်း ဆက်ပြောနေဦး မှာပါ၊ ကိုယ်ဖြစ် ကိုယ်ခံ ကိုယ်လုပ် တာ ကိုယ်တာဝန် ယူပါမယ်၊ ရုပ်ရှင်ဆင်ဆာ မလိုအပ်တော့ ပါဘူး’ ဆိုတဲ့ စာသားလေး နဲ့ သူ့ရဲ့ ရင်တွင်း ဆန္ဒကို ထုတ်ဖော်ပြော ခဲ့တာလည်း ဖြစ်ပါတယ်နော်။

ပြီးခဲ့တဲ့ နှစ်တွေကလည်း ရုပ်ရှင်ဇာတ်ကား တွေ အတွက် ဆင်ဆာမလို အပ်ကြောင်း ကို အင်တိုက်အ ားတိုက်နဲ့ ဆိုရှယ်မီဒီယာ တွေမှာ အမြဲ ပြောလာ နေခဲ့သူ ပါ။ အခုဆို ရင်လည်း Rating System Now ဆို တဲ့ စာသားလေးနဲ့ ရုပ်ရှင်ချစ် ပြည်သူတွေ အပြင် အနုပညာ သမားတွေက လည်း တောင်းဆို နေကြပြီပဲ ဖြစ်ပါတယ်။

source:Nyo Min Lwin

Leave a Reply

Your email address will not be published. Required fields are marked *