ရုပ်ရှင်ထဲက အတိုင်း ATM စက် အလုံးလိုက်မပြီး ခိုးသွားတဲ့ သူခိုးအား ဖမ်းမိ

Posted on

႐ုပ္ရွင္ထဲမွာၾကည့္ရတဲ့အတိုင္း ATM စက္ အလုံးလိုက္မၿပီး ခိုးသြားတဲ့ သူခိုးအား ဖမ္းမိ

ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်ရှိ Thai Progress Steel ကုမ္ပဏီရှေ့ တွင် တပ်ဆင်ထားရှိသော ထိုင်းကုန်သွယ်ရေးဘဏ်ဌာန မှ ‘ထိုင်းဖာနစ်’ ATM စက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၂)ရက်နေ့ က ဒေသစံတော်ချိန် နံနက်(၂:၃၀) ချိန်တွင် ထူးဆန်းစွာပင် စက်အလုံးလိုက် ပျောက်သွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းဖြစ်စဥ်အား ထိုင်းရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ စမွတ်ဆာခွန်မြို့ ၊နားဒီးရပ်ကွက်၊နယ်မြေ (၈)တွင် အခန်းငှါးနေထိုင်သည့် အသက် (၂၅)နှစ်အရွယ် လူငယ် နိုင်ထနာထစ်ပ် ကို မနေ့က ညနေ (၁၇:၀၀) ချိန်တွင် ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါ တယ် ။

စစ်ဆေးမေးမြန်းခဲ့ရာ တွင် ပြစ်မှုကျူးလွန်သူ သည် ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက်(၂:၃၀) ချိန်တွင် ပြစ်မှုကျူးလွန်သူ သည် စမွတ်ဆာခွန်းခရိုင် ကထုမ့်ဘဲန်းမြို့နယ် ခလောင်းမဒူးရပ်ကွက် ၊ နယ်မြေ (၇) အမှတ် ၅/၁၉ ရှိကုမ္မဏီရှေ့ တွင် တပ်ဆင်ထားသည့် ငွေထုတ် ATM စက်ကိုအား သံကြိုးဖြင့်ချည်ပတ်ပြီး

သူ၏(၆)ဘီးကား တွင် သံကြိုးချိတ်ကာ ဒရွတ်တိုက် ဆွဲယူမကာ ကားပေါ်တင်ဆောင်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ မှ CCTV မှတ်တမ်းများ နှင့်အတူ စုံစမ်းဖော်ထုတ် ခဲ့ခြင်းဖြစ်သည် ဟု သိရသည် ။

ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံကတော့ လောင်းကစားဆော့ကစားရာတွင် ငွေလိုသဖြင့် သူကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက အတိုင်း ယခုလို ပြုလုပ်မိပါတယ်ဟု ဖြောင့်ချက်ပေး ခဲ့ပါတယ်။

Zawgyi

ထိုင္းနိုင္ငံ စမြတ္ဆာခြန္ ခရိုင္ရွိ Thai Progress Steel ကုမၸဏီေရွ႕ တြင္ တပ္ဆင္ထားရွိေသာ ထိုင္းကုန္သြယ္ေရးဘဏ္ဌာန မွ ‘ထိုင္းဖာနစ္’ ATM စက္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၂၂)ရက္ေန႔ က ေဒသစံေတာ္ခ်ိန္ နံနက္(၂:၃၀) ခ်ိန္တြင္ ထူးဆန္းစြာပင္ စက္အလုံးလိုက္ ေပ်ာက္သြားမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

၎ျဖစ္စဥ္အား ထိုင္းရဲတပ္ဖြဲ႕မွ ျပစ္မႈက်ဴးလြန္သူအား စုံစမ္းေဖာ္ထုတ္ခဲ့ရာ စမြတ္ဆာခြန္ၿမိဳ႕ ၊နားဒီးရပ္ကြက္၊နယ္ေၿမ (၈)တြင္ အခန္းငွါးေနထိုင္သည့္ အသက္ (၂၅)ႏွစ္အရြယ္ လူငယ္ နိုင္ထနာထစ္ပ္ ကို မေန႔က ညေန (၁၇:၀၀) ခ်ိန္တြင္ ဖမ္းဝရမ္းျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ပါ တယ္ ။

စစ္ေဆးေမးျမန္းခဲ့ရာ တြင္ ျပစ္မႈက်ဴးလြန္သူ သည္ ဇန္နဝါရီလ (၂၂)ရက္ေန႔ နံနက္(၂:၃၀) ခ်ိန္တြင္ ျပစ္မႈက်ဴးလြန္သူ သည္ စမြတ္ဆာခြန္းခရိုင္ ကထုမ့္ဘဲန္းၿမိဳ႕နယ္ ခေလာင္းမဒူးရပ္ကြက္ ၊ နယ္ေၿမ (၇) အမွတ္ ၅/၁၉ ရွိကုမၼဏီေရွ႕ တြင္ တပ္ဆင္ထားသည့္ ေငြထုတ္ ATM စက္ကိုအား သံႀကိဳးျဖင့္ခ်ည္ပတ္ၿပီး

သူ၏(၆)ဘီးကား တြင္ သံႀကိဳးခ်ိတ္ကာ ဒရြတ္တိုက္ ဆြဲယူမကာ ကားေပၚတင္ေဆာင္သြားခဲ့ၿပီး ထြက္ေျပးသြားခဲ့ျခင္း ေၾကာင့္ ရဲတပ္ဖြဲ႕ မွ CCTV မွတ္တမ္းမ်ား ႏွင့္အတူ စုံစမ္းေဖာ္ထုတ္ ခဲ့ျခင္းျဖစ္သည္ ဟု သိရသည္ ။

ျပစ္မႈက်ဴးလြန္ခဲ့သည့္ တရားခံကေတာ့ ေလာင္းကစားေဆာ့ကစားရာတြင္ ေငြလိုသျဖင့္ သူၾကည့္ဖူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္လမ္းထဲက အတိုင္း ယခုလို ျပဳလုပ္မိပါတယ္ဟု ေျဖာင့္ခ်က္ေပး ခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *