ရော့ခ် အဆိုတော်ကြီး လေးဖြူ နဲ့ တွေဆုံချိန် မှာ ပရိသတ်တစ်ယောက် ပြန်ဖြစ်သွားတဲ့ သရုပ်ဆောင်မင်းသား နိုင်းနိုင်း

Posted on


ကဲပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နိုင်နိုင်းက တော့ ရုပ်ရည်၊ အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစား အပြင် သရုပ်ဆောင် စွမ်းရည်က လည်း ပြောစရာမလို အောင် ပြီးပြည့်စုံပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံ လက်ခံခြင်း ကို ယနေ့အချိန်ထိရရှိထားသူပါ။

မင်းသားချော နိုင်နိုင်း ကတော့ အကယ်ဒမီဆုတွေမရရှိသေးပေမယ့်လည်း သူ့ရဲ့အောင်မြင်မှုတွေကိုတော့ ဒီနေ့ဒီအချိန် ထိ ထိန်းသိမ်းထားနိုင် ဆဲ ဖြစ်ပါတယ်။ သူချစ်တဲ့ မိသားစုတွေ နဲ့ တစ်နိုင်ငံစီ ခွဲနေတဲ့ အထိအောင် အနုပညာအလုပ်တွေ ကို စွဲစွဲလန်းလန်း လုပ်ကိုင်နေဆဲလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းကတော့ အောင်မြင်မှုတွေ တဖွဲဖွဲရရှိ ပိုင်ဆိုင်ထားပေမယ့်လည်း သူလေးစားအား ကျရ တဲ့ အနုပညာရှင်တွေနဲ့ဆိုရင်တော့ ပရိသတ် တစ်ယောက်ပြန်ဖြစ်သွားတတ်တာ ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။

ယခုတစ်ခေါက်မှာလည်း နိုင်နိုင်းက သူ့ရဲ့ ငယ်ရွယ်စဥ် ဘဝကတည်း က စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခဲ့ရတဲ့ ရော့ခ် အဆိုတော် လေးဖြူ နဲ့ဆုံတွေ့ခဲ့ပြီး ပရိသတ်တစ်ယောက်လို ဓာတ်ပုံတွဲရိုက်ကာ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ’ ကျနော်တို့ အလယ်တန်းကျောင်းသားဘဝ ကတည်းလေးဖြူ အငဲ တို့၏ သီချင်းများကို လက်ဖက်ရည်ဆိုင်ပြေးနားထောင်ရတာ အမော’ ဆိုပြီး ရေးသား မျှဝေလာခဲ့တာပါနော်။

ပရိသတ်ကြီးလည်း နိုင်နိုင်းကို ခုလို ကိုလေးဖြူရဲ့ ပရိသတ်တစ်ယောက် အနေနဲ့ မြင်ရတာ ကို သဘောကျမယ် ထင်ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published. Required fields are marked *