ရွှေ FM က ပေးအပ် တဲ့ ဆုကြေးငွေနဲ့ အနုပညာကြေးတွေ ကို အမေများအဖွဲ့ အတွက် လှူဒါန်းပေးခဲ့ တဲ့ မေလသံစဥ်

Posted on

အဆိုတော်မလေး မေလသံစဥ် ကတော့ မြန်မာသံစဉ် လေးတွေကို သီဆိုပြီး ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်ထား နိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။ သူမဟာ အသက်ငယ်ငယ် နဲ့ ရိုးသားကြိုးစားပြီး ကိုယ်ပိုင်သီ ချင်းလေးတွေ ကိုဖန်တီးနေတာ ပဲဖြစ်ပါတယ်။

သူမ ရဲ့သီချင်း တော်တော်များများ ကိုလည်း ကိုယ်တိုင် ခံစားချက်နဲ့ ရေးသားသီဆို လေ့ရှိသလို တခြားအနုပညာရှင် ညီအစ်ကိုမောင်နှမတွေ အတွက်လည်း သီချင်းလေးတွေ ကို ရေးစပ်ပေး လေ့ရှိပါ တယ်။

ဒီ ဇင်ဘာလ (၁၂)ရက်နေ့ Shwe FM ရဲ့(၁၁)နှစ်ပြည့် ဂီတဆု ပေးပွဲမှာတော့ မေလသံစဉ် ဟာ( ကျောင်းပိတ်ရက် MTV သီချင်းလေး နဲ့ ဆုရရှိ ခဲ့ပါတယ်။ သူမကတော့ အဆိုပါ ဂီတဆုပေးပွဲ ကြီးကရ တဲ့ ဆုကြေးငွေ နဲ့ အနုပညာ ကြေး ရရှိတဲ့ ငွေများကို စုပေါင်းပြီး သန်လျင်မြို့နယ် ရှိ အမေများ အိမ်ရာ၊ အမေများ အဖွဲ့အား အလှူငွေ(၁၀)သိန်းကျပ် (ငွေပဒေသာပင်)ပေးအပ်လှူ ဒါန်းခဲ့တယ် လို့ သိရပါတယ်။

ထို့အပြင် လည်း အမေများ အဖွဲ့အား ဆန်၊ ဆီ နှင့် Nice Food မုန့်စုံပုံးများ ကို လှူဒါန်းပေးခဲ့ပါ သေးတယ်။ မေလသံစဥ် က တော့ သူမရဲ့အလှူနဲ့ ပတ်သက် ပြီး ‘ Shwe FM ကပေး အပ်တဲ့ ဆုကြေးငွေ နဲ့ အနုပညာကြေး ရရှိတဲ့ ငွေများ ထဲမှ သန်လျင်မြို့နယ်ရှိ အမေများအိမ်ရာ၊အမေများအဖွဲ့အား အလှူငွေ (၁၀)သိန်းကျပ် ပေးအပ်လှူ ဒါန်းခဲ့ပြီး ဆန်၊ ဆီ နှင့် Nice Food မုန့်စုံပုံးများ လှူဒါန်းဖြစ် ခဲ့ပါတယ်’ ဆိုပြီးရေးသား ကာ မျှဝေပေးထားခဲ့ တာပဲဖြစ်ပါတယ်။

source : မေလသံစဥ်

zawgyi




source : မေလသံစဉ်

Leave a Reply

Your email address will not be published. Required fields are marked *