ရွှေ FM ရေဒီယို ရဲ့ (၁၁) နှစ် ပြည့် ဆုပေးပွဲ မှာ ဆု ရရှိခဲ့ လို့ ပျော်ရွှင် နေတဲ့ ဝိုင်းစုခိုင်သိန်း

Posted on

ဝိုင်းစုခိုင်သိန်း က တော့ ဂီတ လောက မှာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ သူမ က အလွမ်းအဆွေး သီချင်းလေးတွေ ကို အများအားဖြင့် သီဆိုတတ် တာ ကြောင့် ပရိသတ်တွေက လည်း နှစ်သက်အားပေး နေကြတာဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာ ၂၀၁၉ ခုနှစ် က Shwe FM မှ ဆုချီးမြှင့် တဲ့ ရေပန်းအစားဆုံး အမျိုးသမီး အဆိုရှင်ဆု ကို သိမ်းပိုက်ထားနိုင် ခဲ့တဲ့ သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုလည်း ဝိုင်းဆုခိုင်သိန်း က Shwe FMရဲ့(၁၁)နှစ်ပြည့်ဂီတဆုပေးပွဲကြီးမှာ ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသမီးတေးသံရှင်ဆုကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ထို အတွက် ဝမ်းသာပီတီ ဖြစ်ရကြောင်းကို ဝိုင်းစုခိုင်သိန်း က ယခုလိုပဲ ပြောပြလာခဲ့ ပါတယ်’ ချစ်ဆုံးတွေ ပေးတဲ့ ဝိုင်းစု ရဲ့ ဘဝမှတ် တိုင် ဆုလေး နောက်တစ်ဆု

ဒီ ဆုလေးရဖို့ အတွက်အနယ် နယ်အရပ်ရပ် က တောင်းဆိုပေးကြ တဲ့ ချစ် ပရိတ်သတ်ကြီး၊ Winery လေးတွေ နဲ့ We Love အဖွဲ့သားများအားလုံး ကို ကျေးဇူးပါရှင့် ဒီဆုလေးကို ချီးမြှင့်ပေး တဲ့ Shwe FM တာဝန်ရှိ လူကြီးမင်းများ ၊ Shwe FM Radio အဖွဲ့သားများ

အားလုံးနဲ့ ‘ငွေသုန္ဒရီ’ သီချင်းလေး ကို ရေးသားတီး ခတ်ပေးတဲ့Waiyan Min Thu နဲ့ Mixing & Mastering Ko Ye Zaw Myo တို့ကို လည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်’ ဆိုပြီးရေးသားကာ ပုံရိပ်လေး တွေနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှ တဆင့် ကျေးဇူးတင် ဝမ်းမြောက်ကြောင်းကို မျှဝေရေးသား ခဲ့တာ ပဲဖြစ်ပါတယ်။

source : W yne Su Khaing Thein

zawgyi






Leave a Reply

Your email address will not be published. Required fields are marked *