လမ်းပေါ်မှာနေရတဲ့ အနှိမ်ခံဘဝကနေ သေတဲ့အထိ စားမကုန်တဲ့ ပိုင်ဆိုင်မူတွေ ရရှိလာတဲ့အကြောင်း ပြောပြလာတဲ့ ဇေရဲထက်

Posted on

တစ်ပြားတစ်ကျပ်တောင် မရှိပဲ လမ်းပေါ်မှာနေရတဲ့ အနှိမ်ခံဘဝကနေ မျော်လင့်ချက် ကြောင့် ကြိုးစားလာခဲ့ရာ သေတဲ့အထိတောင်စားလို့ရတဲ့ ပိုင်ဆိုင်မှုတွေ ရရှိခဲ့လာခဲ့ကြောင်းကို ဇေရဲထက်က ပြောပြခဲ့တာပါ။

ဇေရဲထက် က ‘ငါကဘာမှ မရှိ လူတိုင်းအဆင်မပြေ ဘဝကအဓိပ္ပါယ်မရှိဘူး လည်းမထင်နဲ့ ရခဲတဲ့ လူ့ဘဝမှာ မသေမချင်း မျှော်လင့်ချက်ထား ပြီး လုပ်ဆောင်စရာတွေ အများကြီးရှိတယ်လေ ကျွန်တော်ဆို ဘာတစ်ခုမှ မရှိတဲ့ဘဝပါ လမ်းပေါ်မှာနေရင်း အလုပ်မှန်သမျှကို လုပ်ကိုင်ခဲ့တယ်

အဲ့ဒီချိန်မှာ ကျရှုံးတာ တွေရော လှောင်ပြောင်ခဲ့တာ တွေရော အနှိမ်ခံခဲ့ရတာ တွေကို တစ်လှေကြီးခံစားခဲ့ ရပါတယ် ကျွန်တော်အရှုံးမပေးခဲ့ ဘူးလဲရင်ပြန်ထခဲ့တယ် ရုန်းကန်တယ် ကျွန်တော် အသက်(၃၃)အရွယ်မှာ နေတတ်ရင် သေတဲ့အထိစားလို့ရတဲ့ အနေအထားရှိပါတယ် ကံကိုမမြင်ရသလို သရုပ်ဆောင်ဆိုတဲ့လောကကို အိပ်မက်တောင် မမက်ဖူးဘဲ အလုပ်တွေ လုပ်ရင်း ကံပေးလာတော့ လမ်းစတွေပေါ်ခဲ့တယ်။

အဲ့ဒီလို အချိန်မှာလည်း ကျွန်တော်နေ့ မအိပ်ညမအိပ် ကြိုးစား ရုန်းကန်ခဲ့တယ် ကျေးဇူး ထပ်ခါထပ်ခါ တင်မိပါတယ် ကျေးဇူးရှင် ဆရာတွေ ကျေးဇူးရှင်ပြည်သူတွေ ကျေးဇူးရှင် ပရိုဂျူဆာ တို့ကို အမြဲ ဘုရားမှ ာဆုတောင်းပေးတယ် ကျန်းမာချမ်းပါစေလို့’

တဆက်တည်းမှာပဲ ဇေရဲထက်က ‘ ပြောချင်တာက ငါကတော့ ဘာမှဖြစ်လာမှ ာမဟုတ်ဘူး ငါ့ဘဝကိုရေစုန်မျောပြစ်မယ် နေရတဲ့လူ့ဘဝကြီးကအဓိပ္ပါယ်မရှိဘူးမထင်ပါနဲ့ ကံတရားက အလှည့်ကျရောက်လာတတ်တာပါ ကိုယ့်ဘက် ကတော့ ကြိုးစားရုန်း ကန်စည်းကမ်းရှိ စွာနေထိုင်ရင်း ကံတရားပေး လာတဲ့အခါ မင်းဘဝကိုအကောင်းဆုံးထူထောင်ပါ

ကံဆိုတာအလုပ်ပါ အလုပ်လုပ်ရင်း ကိုယ်ပြုတဲ့ကံက ကိုယ့်အလုပ် ဖြစ်စေတာပါ ကျွန်တော်တို့ တွေ ကြိုးစားနေဖို့ တော့ လိုတာပေါ့နော် ပြောခဲ့သ လို ကံကမျက်နှာသာမပေးရင်တောင် ကြိုးစားနေသူအဖို့ တစ်နေရာစာ မခဲယဉ်းပါဘူးဆိုတဲ့စိတ်နဲ့လုပ်ကြည့်ပါ စိတ်ဓါတ်မကျပါနဲ့ မင်းအတွက် တစ်နေရာစာဆိုတာ ရှိနေမှာပါ

ကျွန်တော့်ဘဝဖြစ်တည်ခဲ့တာ ကို ပြန်မျှဝေတာ ပါလူငယ်တွေ ကို ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ နောက်ပြီးရင် ကောင်းသွား မယ် ok ‘ ဆိုပြီး ရေးသားပြောပြ ထားတာပဲ ဖြစ်ပါတယ် ။ ဇေရဲထက် က လူငယ်တွေအတွက် အားပေးစကားပြောရင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့ အကြုံတွေ ကို ပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *