လမ်းဘေးမှာ ကွေးအိပ်နေတဲ့ လူကိုချမ်းမှာ စိုးလို့ စောင်သွားခြုံပေးပြီး ပိုက်​ဆံပါ ထားပေးခဲ့ တဲ့ ‘ဆီနွန်​ ‘ ရဲ့ ဗီဒီယို

Posted on

ဖိလစ်ပိုင်မော်ဒယ် Sinon Loresca က တော့ မြန်မာနိုင်ငံ မှာ ရှိနေခဲ့တာ ဟာ ဆိုရင် တစ်နှစ်ကျော် အချိန်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။ မြန်မာပြည် ကို ချစ် တဲ့ Sinon က မြန်မာ ပရိသတ် တွေ ရဲ့ ချစ်ခင်အားပေးမှု ကို လည်း အခိုင်အမာ ရရှိထားတာ လည်း ဖြစ်ပါတယ်။

သူကတော့ စိတ်ထားကောင်းပြီး ကြင်နာတတ် သူ တစ်ဦးလည်း ဖြစ်ပြီး မြန်မာနိုင်ငံ မှာ နေထိုင်နေတဲ့ အချိန်မှာလည်း တတ်နိုင်သလောက် အလှူအတန်း တွေပြုလုပ်လေ့ ရှိတာလည်း ဖြစ်ပါတယ် ။

sinon က အမှန်တကယ် ဒုက္ခရောက်နေ တဲ့သူ ဘယ်သူ့ကိုမဆို အကောင်းဆုံး အားပေးကူညီတတ်တာ ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် Sinon ကို ဆိုရင် ပရိသတ်တွေအားလုံးက ချစ်ခင်လေးစားရပြီး သူ့ရဲ့ကောင်းမွန် တဲ့ အပြုအမူတွေ အတွက်လည်း ချီးကျူးနေကြရတာ ဖြစ်ပါတယ် ။

ယခုလည်းပဲ sinon က လမ်းပေါ်မှာ အနွေးထည်တွေ၊ စောင်တွေမပါ ဘဲ တစ်ယောက်တည်း အိပ်နေတဲ့ လူတစ်ယောက် ကို ကူညီပေးလိုက် တာ ဖြစ်ပါတယ်။

sinon ကတော့ လမ်းဘေး ကွေးအိပ်နေရတဲ့ သူလေးကို အနွေးဓာတ်ရရှိစေရန် ဂရုတစိုက်နဲ့ သေချာလေး စောင်ခြုံပေးခဲ့တဲ့ အပြင် sinon က သူ့မှာ ပါလာတဲ့ ငါးထောင်တန်တွေ ကိုထုတ်ပြီး အိပ်နေတဲ့ သူရဲ့ဘေးမှာ ထားပေးခဲ့ပါသေးတယ်နော် ။ ပရိတ်သတ်ကြီးအတွက် sinon Loresca ရဲ့ ပရဟိတစိတ် အပြည့်နဲ့ လုပ်ဆောင်နေတဲ့ ဗီဒီယိုလေး ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။

source:sinon loresca

zawgyi






source:sinon loresca

Leave a Reply

Your email address will not be published. Required fields are marked *