လူတွေကို ဒုက္ခပေးနိုင်မည့် ဗိုင်းရပ်စ် ပိုး တွေလာဦးမည် ဟု အီဘိုလာ ကို ရှာတွေ့ခဲ့တဲ့ ဆရာဝန် မှ သတိပေးပြောကြား

Posted on

လူတွေကို အသက် အန္တရာယ် ပေးနိုင်သည့် ဗိုင်းရပ်စ်ပိုး မျိုးသစ်များ နောက်ထပ်လာဦးမည် ဟု အာဖရိကတိုက်မှာ အီဘိုလာဗိုင်းရပ်စ် ကို စတင်ရှာ တွေ့ခဲ့တဲ့ ပညာရှင် ဆရာဝန် က သတိပေးပြောကြား လိုက်ကြောင်း သိရပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ကို ၁၉၇၆ တုန်းက ရှာဖွေတွေ့ ရှိရာမှာ သူလဲ ပါဝင်ခဲ့ပြီး ရောဂါပိုးသစ်တွေ ကို ဆက်လက်လေ့လာ ရှာဖွေနေသူတစ်ယောက်လည်း ဖြစ်တဲ့ ပါမောက္ခ Jean-Jacques Muyembe Tamfum က အာဖရိကတိုက်အတွင်းမှာရှိတဲ့ မိုးသစ်တော တွေထဲကနေ အန္တရာယ်ရှိ တဲ့ ဗိုင်းရပ်စ်အသစ် တွေ ပေါ်ထွက်လာမဲ့ အလားအလာ မြင်တွေ့နေရကြောင်း ပြောလိုက်ပါတယ်။

ထပ်မံပြီးတော့လည်း ကွန်ဂိုနိုင်ငံ မှာ အီဘိုလာ နဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာပြ သူ လူနာတစ်ဦး ကို စစ်ဆေးအပြီး မှာ အီဘိုလာ လည်း မဟုတ်သလို၊ အခြားရှိနှင့်ပြီး ရောဂါတွေနဲ့လဲ မကိုက်ညီဘူး လို့ ဆိုပါတယ်။ ရောဂါပိုး နမူနာ ကို တွေ့ရှိရာ နေရာမှ ာရော မြို့တော် ကင်ရှာဆာ က ဇီဝဆေးဝါး သုတေသနဌာန National Institute of Biomedical Research (INRB) မှ ာပါ အဆင့်ဆင့် စစ်ဆေးပြီး နောက် အဖြေရှာ မရဘဲ ပဟေဠိဖြစ်နေဆဲ လို့လည်း သိရပါတယ်။

သူက ဆက်လက်ပြီးတော့ တိရစ္ဆာန်က နေ လူကိုကူးစက် တဲ့ ရောဂါတွေ လာဦးမယ် လို့လဲ Muyembe က သတိပေ းပြီး နောင်လာ မဲ့ ဗိုင်းရပ်စ်တွေ ဟာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ထက် ပိုပြီး ဆိုးရွားပြင်းထန် နိုင်တယ်လို့ ယူဆကြောင်းလည်း ပြောကြားထားပါတယ်။

zawgyi

လူေတြကို အသက္ အႏၲရာယ္ ေပးနိုင္သည့္ ဗိုင္းရပ္စ္ပိုး မ်ိဳးသစ္မ်ား ေနာက္ထပ္လာဦးမည္ ဟု အာဖရိကတိုက္မွာ အီဘိုလာဗိုင္းရပ္စ္ကို စတင္ရွာ ေတြ႕ခဲ့တဲ့ ပညာရွင္ ဆရာဝန္ က သတိေပးေျပာၾကားလိုက္ေၾကာင္း သိရပါတယ္။

အီဘိုလာ ဗိုင္းရပ္စ္ကို ၁၉၇၆ တုန္းက ရွာေဖြေတြ႕ ရွိရာမွာ သူလဲ ပါဝင္ခဲ့ၿပီး ေရာဂါပိုးသစ္ေတြ ကို ဆက္လက္ေလ့လာ ရွာေဖြေနသူတစ္ေယာက္လည္း ျဖစ္တဲ့ ပါေမာကၡ Jean-Jacques Muyembe Tamfum က အာဖရိကတိုက္အတြင္းမွာရွိတဲ့ မိုးသစ္ေတာ ေတြထဲကေန အႏၲရာယ္ရွိ တဲ့ ဗိုင္းရပ္စ္အသစ္ ေတြ ေပၚထြက္လာမဲ့ အလားအလာ ျမင္ေတြ႕ေနရေၾကာင္း ေျပာလိုက္ပါတယ္။

ထပ္မံၿပီးေတာ့လည္း ကြန္ဂိုနိုင္ငံ မွာ အီဘိုလာ နဲ႔ ဆင္တူတဲ့ ေရာဂါလကၡဏာၿပ သူ လူနာတစ္ဦး ကို စစ္ေဆးအၿပီး မွာ အီဘိုလာ လည္း မဟုတ္သလို၊ အျခားရွိႏွင့္ၿပီး ေရာဂါေတြနဲ႔လဲ မကိုက္ညီဘူး လို႔ ဆိုပါတယ္။ ေရာဂါပိုး နမူနာ ကို ေတြ႕ရွိရာ ေနရာမွ ာေရာ ၿမိဳ႕ေတာ္ ကင္ရွာဆာ က ဇီဝေဆးဝါး သုေတသနဌာန National Institute of Biomedical Research (INRB) မွ ာပါ အဆင့္ဆင့္ စစ္ေဆးၿပီး ေနာက္ အေျဖရွာ မရဘဲ ပေဟဠိျဖစ္ေနဆဲ လို႔လည္း သိရပါတယ္။

သူက ဆက္လက္ၿပီးေတာ့ တိရစၧာန္က ေန လူကိုကူးစက္ တဲ့ ေရာဂါေတြ လာဦးမယ္ လို႔လဲ Muyembe က သတိေပ းၿပီး ေနာင္လာ မဲ့ ဗိုင္းရပ္စ္ေတြ ဟာ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ထက္ ပိုၿပီး ဆိုးရြားျပင္းထန္ နိုင္တယ္လို႔ ယူဆေၾကာင္းလည္း ေျပာၾကားထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *