လူအများ နေ့စဥ်စားသုံးနေတဲ့ အချိုမှုန့်ကို ဘာနဲ့ပြုလုပ်ထားတယ်ဆိုတာ သိပါသလား

Posted on

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသွားရင် အရမ်း အန္တရာယ် များပါတယ် ဆို တဲ့ အချိုမှုန့် ဆိုတာ Monosodium glutamate (MSG) လို့ခေါ် တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ ခေါ် တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာ ထဲ ထည့်လိုက် ရင် Free Glumate တွေ အဖြစ် ကို ပြောင်းလဲသွားကာ အစားအသောက် တွေရဲ့ အရသာကို ဓာတုနည်း နဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက် တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ် အရသာ ပစ္စည်းတစ်ခု လို့ သတ်မှတ်လို့ရသလား ?

ပုံမှန်သုံး သင့်တဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခု လုံးဝမဟုတ်ပါဘူး ။နည်းနည်း များများ ရေရှည် စားသုံးရင် အန္တရာယ်ကတော့ ရှိတာပါပဲ လို့ ပညာရှင်များက ပြောကြားထားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အ ဆင့် ထုတ်လုပ်မှု စနစ် ကောင်း (GMP စနစ်) ရဲ့ အစား အသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ အသုံးပြုခြင်း မရှိပါဘူး။

အချိုမှုန့်ကို ရေရှည် စားသုံးမိရင် ဘာဆိုးကျိုးတွေ ရှိလာနိုင် မလဲဆိုတော့

၁။ ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေး တဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာ မှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

၂။ အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း နဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတာတွေ ဖြစ်လာနိုင်ပါတယ်။

၃။ ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ် ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ် တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်းများစေပါတယ်။ အချိုမှုန့် ကို မွေးကင်းစက တည်းကနေ စပြီး စား တဲ့ ကလေးတွေ မှာ ဉာဏ်ရည် ပိုင်း ယုတ်လျော့မှု ရှိတာ ကို တွေ့ရှိရ ပါတယ်။

၄။ဂျာမနီ နိုင်ငံမှာ အချိုမှုန့် သုံးစွဲမှု ကို လုံးဝကို ဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသား အဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရ ဖူးပါတယ်။ ဂျာမန် ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင် ဟော်မုန်း စွမ်းရည်ကျ ဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာ တာ တွေ့ရပါတယ်။

ထို့ကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ် ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက် ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ရဲ့ ဆီးချိုဖြစ်ပွား နှုန်း မြင့်မားနေတဲ့ အချက်တွေထဲ က တစ်ခု အပါအဝင် ဖြစ်ပါတယ်။

၅။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆို တဲ့ ဦးနှောက် အစိတ်အပိုင်း တွေမှာ ရှိတဲ့ အာရုံကြော ဆဲလ်တွေ ကို ပျက်စီးစေပါတယ်။ ဒီနေရာတွေ ဘဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာ တွေ ဖြစ်လို့ ဒီ လို ကလေးတွေ ဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစား တဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါတွေဟာ အချို့မှုန့်က ပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ဝန်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

၆။ မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စား တော်ဆက်ရောဂါစု ဖြစ်စေ နိုင်ပါတယ်။ ဒီရောဂါစု ဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီး ချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရ တာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

၇။ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင် ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကျဥ်သင့်ပါတယ်။ ၈ လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။

အမှန်တကယ်ဆို ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ် ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်း ဆိုဒီယမ် မြင့်တက်မှု အရမ်းများ လာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လို သူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူး ရှောင်ကြဉ် သင့်ပါတယ်။

ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *