လေးနှစ်နီးပါး ကိုယ်တိုင်ရှာ ဖွေထားတဲ့ ငွေ နဲ့ သိန်း (၂၈၉၀)တန် ကားအသစ်ကြီး ဝယ်နိုင်ခဲ့တဲ့ နေခြည်ဦး(ရုပ်သံ)

Posted on


ပရိသတ်ကြီးရေ အနုပညာရှင်တွေထဲမှာ အများနဲ့မတူဘဲ သွက်လက်တဲ့ ဟန်ပန်အမူအရာ လေးတွေနဲ့ ပရိသတ်တွေ ရင်ထဲမှာ နေရာတစ်နေရာ ရရှိထားတဲ့ နေခြည်ဦး ကိုသိကြမယ်ထင် ပါတယ်နော်။ သူမဟာ beauty blogger တစ်ယောက်အနေနဲ့ စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ social influencer တစ်ယောက်အ နေနဲ့ ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ထို့ပြင်နေခြည် ဟာ မင်းသမီးတစ်ယောက် အနေနဲ့လည်းအနုပညာ လမ်းကြောင်းပေါ်ရောက်ရှိ နေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊
ဇာတ်လမ်းတွဲ တွေထိပါ ‌ရိုက်ကူးလာနိုင် တဲ့သူဆိုလည်း မမှားပါဘူးနော်။ နေခြည်ဦးကတော့ အမြဲတမ်း သွက်လက်လက်ထက် ထက်မြက်မြက်ရှိပြီး သူမရဲ့အလုပ်တွေကို တစိုက်မတ်မတ်နဲ့ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့မှာတော့ သူမက 4 နှစ်နီးပါးကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ့ (၂၈၉၀)တန် ကားအသစ်ကြီးတစ်စီးကို ဝယ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြောင်း ကို တော့ New Year,New Car,New Adventure ဒီ Vlog လေးက နေခြည့်ရဲ့ ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော် အခုဝယ်မယ့် ကားက နေခြည့်ကိုယ်ပိုင် ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ် လို့ နေခြည်မှန်းထား တဲ့ Budget နဲ့ ဘယ်လိုကားမျိုးရမလဲ ဆိုတာလည်း အရမ်းရင်ခုန်နေတယ်။

ဖေဖေနဲ့မေမေကို လည်း ဒါ သမီးပိုက်ဆံနဲ့ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်း ပါတာပေါ့လေ အဲ့တာကြောင့်နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါးအလုပ် အလုပ်အလုပ်ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ ပိုက်ဆံနဲ့ကားတစ်စီးလောက် တော့ ဝယ်တော့မယ်ကွာလို့ နေခြည်ဆုံးဖြတ်လိုက်တယ်’ ဆိုပြီး ကားဝယ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ဗွီဒီယိုဖိုင်လေးနဲ့ တင်ပေးလာခဲ့တာပါ။

source : beauty by naychi

Leave a Reply

Your email address will not be published. Required fields are marked *