လွန်ခဲ့တဲ့ ဆယ်နှစ်က ခင်ပွန်းနဲ့အတူ ခရီးသွားခဲ့စဥ် က အမှတ်တရ ပုံရိပ်လေးတွေကို ချပြလာခဲ့တဲ့ ယုဇန

Posted on


တေးသံရှင် ယုဇန တို့ ဇနီးမောင်ဟာ လက်တွဲလာခဲ့တာ အိမ်ထောင်သက်ကြာမြင့်လာခဲ့ပြီ ဖြစ်ပေမယ့်လည်း ယခုအချိန်ထိ လည်း အေးချမ်းတဲ့ နှစ်ယောက်ကမ္ဘာလေးမှာ ပျော်ရွှင်စွာ နေလျက်ပါပဲ။ မင်္ဂလာပွဲကို (၇) ပွဲတိတိကျင်းပခဲ့ပြီး အရမ်းကိုပျော်ရွှင်ခဲ့ကြပါတယ်။

အိမ်ထောင်ရေးကံကောင်းတဲ့ ယုဇနကတော့ အပြုံးတွေနဲ့ ပျော်ရွင်စရာရက်တွေနဲ့ ရှေ့ဆက်လာခဲ့တာလည်း ဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ (၁၀)နှစ် ကျော်က LA concert မှာ သွားရောက်ဖျော်ဖြေခဲ့တုန်းက သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ် လေးတွေ ကိုတင်ပြီး အရင်လို ခရီးသွားပြန်ချင်တဲ့အကြောင်း ပြောပြလာခဲ့ပါသေးတယ်။

ယခုကာလကျော်ပြီး လွတ်လွတ်လပ်လပ်ပြန်သွားလို့ရတဲ့ အချိန်ရောက်ရင်တော့ နှစ်ယောက်တည်း ခရီးတွေပြန်ထွက်ရမှာကို တွေးရင်း ယုဇနကတော့ ပျော်နေပြီထင်ပါတယ်နော်။

ယုဇနတို့ နှစ်ယောက်ရဲ့ အမှတ်တရ ခရီးစဥ် ပုံရိပ်လေးတွေ ကို ‘ 2011 July LA concert သွားဆိုတုန်း က ပုံဟောင်းလေးတွေ ပြန်ကြည့်ရင်း ခရီးတွေ ပြန်ထွက်ချင်မိတယ်၊ ပုံမှန်ပြန်လည်ပတ် သွားလာနိုင် တဲ့အခါ သာယာ‌အေးချမ်းတဲ့ နေရာလေးတွေ သွားချင်တယ် ‘ လို့ ရေးသားကာ တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ယုဇနတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *