ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်ကလေးလူနာ အားလုံး ဆေးရုံဆင်းခွင့်ရ

Posted on

ဝေဘာဂီ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေလျက်ရှိ တဲ့ ကိုဗစ် ၁၉ ကလေးလူနာ(၂၀)ဦးသည် သက်သာပျောက်ကင်းပြီဖြစ်တဲ့အတွက်ဆေးရုံမှ ဆင်းခွင့်ရသွားပြီ လို့ ဝေဘာဂီ ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ခင်ထား ထံမှသိရပါတယ်။ ဆေးရုံ ဆင်း ကလေးလူနာတွေ ဟာ နောက်ဆက်တွဲ လာရောက်ပြသနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်းကိုလည်း

‘ကလေးတွေ က နောက်ဆက်တွဲ လာပြတာတွေ လာတယ်ဆေးရုံက ရက်ချိန်းအတိုင်း လာပြတယ်။ လာတော့ ကောင်းပါတယ်။ အေးအေးဆေးဆေးပါ ပဲ သူတို့တွေ က ပထမဦးဆုံး ဗီဇက လည်း ပြောင်းခဲ့ပြီးသား ပဲ လေ ပထမလှိုင်းတုန်းက တစ်မျိုး(D) ပေါ့။ ဒုတိယလှိုင်း မှာ ဗီဇပြောင်းလာတယ် သိရပါတယ်။

ဒါကတော့ ရခိုင်ပြည်နယ်က နေ အစ်မတို့ဆီ ရောက်လာတာ ဗီဇပြောင်းပြီးသား(G)ဟာလည်း အစ်မတို့ ဆီ ကူးစက်ပြီးသားပေါ့ နော်။ အခုလည်းဗီဇပြောင်း (SAR-CoV-2 ) တယ်ဆိုရင် အဲဒီ့ပုံစံအတိုင်းပဲ ကူးစက်မှာ။ကူးစက်တယ်ဆိုတာက လူလူချင်းကူး တယ်။ လူကြီးကတစ်ဆင့် ကလေးကိုကူးမယ်။ ကလေးကိုတော့ တန်းခုန်ပြီးတော့ မကူးဘူး။

အဲဒီတော့ လူကြီးတွေ သတိထားရမယ်။ လူကြီးတွေ မကူးရင်ကလေးတွေကို ရောက်မှာမဟုတ်ဘူး။ ရိုးရိုးပုံမှန်ကူးတဲ့ အတိုင်းပဲ လူကြီးက ကူးသွားရင်ကလေးကို ကူးသွားမှာပဲလေ” လို့ဒေါက်တာ ခင်ခင်ထားက သတိပေးပြောကြားပါတယ်။

ကူးစက်မြန် ဗီဇပြောင်း ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ဟာ ကလေးငယ်တွေ ကို ပိုမိုကူးစက်နိုင်တဲ့ အတွက် ကလေးရှိတဲ့ မိဘတွေ အနေနဲ့ COVID မကူးအောင်ဦးစွာနေထိုင်ကြဖို့လိုတယ်လို့ ဒေါက်တာ ခင်ခင်ထားကပြောပါတယ်။

COVID ကူးစက်ခံရတဲ့ ကလေးလူနာအများစုမှာ ရောဂါလက္ခဏာ သိပ်မပြ သလို သေဆုံးနှုန်းလည်း နည်းတယ်လို့ ဆိုပါတယ်။ COVID-19 နဲ့ပတ်သက်လို့ ဝေဘာဂီဆေးရုံကြီးမှာ COVID ပထမလှိုင်းတုန်းက ကလေးလူနာ ခြောက်ဦး၊ ဒုတိယ လှိုင်းမှာ ကလေးလူနာ (၂၀) ဦး ကုသပေးခဲ့တာပါ။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ COVID ပထမလှိုင်းမှာ ကလေးလူနာ ဆယ်ဂဏန်းသာရှိခဲ့ပြီး COVID ဒုတိယလှိုင်းမှာတော့ ကလေးငယ်တွေကို ကူးစက်မှု ပိုမိုများလာခဲ့ပါ တယ်။ ကလေးငယ်ထောင်ချီ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါအခံကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ကလေးငယ်တွေလည်း ရှိတယ်လို့ ဒေါက်တာ ခင်ခင်ထားကပြောပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *