သက်တော် (၁၁၆)နှစ် ရှိပြီ ဖြစ်သော နောင်တခို ဆရာတော် ဘုရားကြီး
Posted on
မဖူးရ သေးလျင် ဖူးမျှော် နိုင်စေရန် သက်တော် ၁၁၆ နှစ် ရှိနေ ပြီ ဖြစ်တဲ့ နောင်တခို ဆရာတော် ရဲ့ ပုံကို အများဖူးမျှော်နိုင်စေရန် တင်ပြ ပေးလိုက်ပါတယ် သီလ သမာဓိ ပညာနှင့် ပြည့်စုံပြီး အနာ ရောဂါကင်းစွာ ပကတိ ကျန်းမာရေးနှင့် ပြည့်စုံနေလျက်ရှိ သော သက်တော် ၁၁၆ နှစ်ရှိ သက်တော်ရှည်ဆရာတော် ဘုရား။
ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ကျိုက်ဒုံမြို့ နယ် နောင်တခိုအုပ်စု နောင်တခို ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဘုရားကြီးပါ။ ၁၉၈၀ ခုနှစ် ကာလ တွင် နောင်တခို။ နောင် တမန်။ ဝက်ဒုံကျေးရွာ ဘုန်းတော်ကြီး ကျောင်းတို့တွင် တစ်ပါးတည်း တလှည့်စီ ကျောင်းထိုင်ခဲ့ ရပါသည်။ ယခု နှစ် ၂၀၂၀ ခုနှစ် တွင် သက်တော် ၁၁၆ နှစ် ပြည့်သွားပြီး ဖြစ်ပါသည်။ ဆရာတော် ဘုရားကြီးအား ထိုင်းနိုင်ငံ မှလည်း အသိအမှတ်ပြု ယုံကြည်ကိုးကွယ်နေလျက်ရှိ ပါသည်။
ယခုအချိန်အထိ မျက်လုံးတော် အမြင်အားကောင်းခြင်း၊ အကြား အာရုံကောင်းမွန်ခြင်း သတိအာရုံချွတ်ချော်မှု မရှိခြင်း၊ လူတွဲမလို ဘဲ ကိုယ်တိုင် လမ်းလျှောက်သွား လာနိုင်ခြင်း တို့ကို ကြည့်ခြင်းအားဖြင့် ဆရာတော်ကြီး၏ စရဏ တရားကို ခန့်မှန်းနိုင်ပါ လိမ့်မည်။ထိုင်း ဒါယကာများ ဆောက်လုပ်လှူဒါန်းထား သော ကျောင်းတွင် မနေဘဲ ၁၀ ပေ ပတ်လည် ဖက်မိုး သစ်ကျောင်းလေး၌ပင် အေးချမ်းစွာ တရားအားထုတ် သီတင်းသုံး နေသော သက်တော်ရှည် ဆရာတော် ဘုရားကြီးအား အများပြည်သူ ဖူးမျှော်ကြည်ညိုနိုင်ရန် တဆင့် ပြန်လည် တင်ပြအပ်ပါသည်။
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *