သမီးငယ် မစ်မစ်တုန် လေး ၇ လပြည့်အတွက် မွေးနေ့အလှူ လုပ်ပေးခဲ့တဲ့ R ဇာနည် တို့ မိသားစု

Posted on

ပရိသတ်ကြီး ရေ နိုင်ငံကျော် အဆိုတော် Rဇာနည် က တော့ အနုပညာ အလုပ်တွေ ကို ယနေ့ချိန်ထိ လုပ်ဆောင်နေပြီး အဆိုတော် အသစ် လေး တွေ ကိုလည်း အကောင်းဆုံး ဖေးမ ကူညီ မွေးထုတ် ပေးနေတာ ဖြစ်ပါတယ်။

တေးသံရှင် R ဇာနည် က စိတ် သဘောထား ပြည့်ဝပြီး အေးဆေးစွာ နေတတ်သူဖြစ်ပြီး ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိသူပါ ။ R ဇာနည် ရဲ့တေးသီချင်းတိုင်းလိုလို ပရိတ်သတ်များ ကြိုက်နှစ်သက် ကြပြီး အခိုင်အမာ အားပေးမှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်နော်။

R ဇာနည် ကတော့ လက်ရှိမှာ သားလေး နှစ်ယောက်၊ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်သွားပြီ ဖြစ် လို့ မိသားစု ဘဝလေးက အရမ်းကို ပြည့်စုံနေပြီလို့ ပြောရမှာ ပါတယ်နော်။ R ဇာနည် တို့ ဇနီးမောင်နှံ နှစ်ယောက်လုံး က ကလေးတွေအပေါ် မိဘမေတ္တာ အပြည့်အဝ ပေးထားပြီး ပျော်ရွှင်စရာ အမှတ်တရလေး တွေ လည်း ဖန်တီးပေးနေ တာဖြစ်ပါတယ်။

ယနေ့ မှာတော့ R ဇာနည် တို့ မိသားစု က သမီးငယ် မစ်မစ်တုန် လေး(၇) လပြည့် အတွက် ဘုန်းကြီးကျောင်း ကို မိသားစု စုံလင်စွာ သွားကြပြီး အလှူဒါန လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

R ဇာနည် တို့ မိသားစု က ဘုန်းကြီးကျောင်း မှ အပြန်တွင် ကလေးတွေကို လှော်ကား ဥယျာဉ်ကိုလည်း လိုက်ပို့ပေး ခဲ့ကြောင်းလည်း သိရပါတယ်နော် ။လှော်ကားမှာ တိရိစ္ဆာန်လေး တွေကို ပျော်ပျော်ပါးပါး အစာကျွေး ကြပြီး နေရာ အနှံ့ကို ကလေးတွေ အတွက် လည်ပတ်ပေးခဲ့ ကြတာဖြစ်ပါတယ်။

R ဇာနည် တို့ မိသားစု လေးက တော့ စနေနေ့ လေးမှာ ချစ်ချစ် ခင်ခင်နဲ့ ပျော်ရွှင်စရာ သူတို့ မိသားစု ရဲ့ ပုံရိပ်လေး တွေ ကို တဆင့် မျှ‌ဝေပေးလိုက် ပါရစေနော်

source: Zarni Myonyunt

Leave a Reply

Your email address will not be published. Required fields are marked *