သမီးလေး ရဲ့ ကျောင်းစရိတ်ကို အတိအကျ မသိဘူးဆိုပြီး ဝေဖန်ပြောဆိုနေမှုများ အပေါ်သက်သေနှင့် တကွပြန်လည် ဖြေရှင်းလိုက် တဲ့ ‘ စိုင်းလွှမ်း’

Posted on


လက်ရှိအချိန်မှာ တော့ စိုင်းလွှမ်းက အနုပညာလှုပ်ရှားမှု တွေ သိပ်မရှိတော့ဘဲ သီချင်းဆိုတဲ့ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင်တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ သမီးလေး စစ်လွန်းဝတီထက် နဲ့ အတူ သာယာကြည်နူးစရာကောင်းတဲ့ ဘဝလေးကို အတူတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခေတ်တစ်ခါ က ဇူးမြတ်ထက်အမည်နဲ့ သရုပ်ဆောင်အလုပ် ကို လုပ်ကိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

စိုင်းလွှမ်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သမီးလေးနဲ့ပတ်သတ်ပြီး သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ရေးသားဝေမျှလာတာပဲ ဖြစ်ပါတယ်။ “ လေးနက်စွာဖတ်စေချင်ပါတယ်။ မိစ္ဆာဝါယမ သိပ်ပြင်းထန်လွန်းရင် ကံကောင်းသူလည်း ခံရတတ်တယ် (သီတဂူဆရာတော်)မြတ်စွာဘုရားရှင်တောင် ၄ ကြိမ်လုပ်ကြံခံ ရတော့တစ်ကြိမ် ခြေမပုတ်သေးတာ ကျွန်တော်က ဘာမို့လို့ လဲ နားလည်ပါတယ် LOW PROFILEနဲ့ နေ့တိုင်း ထင်ချင်ရာထင်နေတဲ့ သူတွေရယ် နောက်တစ်ခါ ထပ်ပြီး စိတ်အနှောက်ယှက် ဖြစ်မခံရဖို့ကို ရည်ရွယ်ပါတယ် ။

ဘယ်သူ့ကိုမှနစ်နာစေလိုတဲ့ စိတ်မရှိလို့လည်းပြောရတာပါ HCIS(online Class)ကို အိမ်ကနေစာသင်နေရတာ တက်ကြွကြည်နူးနေ တဲ့ သမီးကိုကြည့်ပြီး နောက်တစ်ကြိမ်ဘာ အတွက်ကြောင့်မှစိတ်မဆင်းရဲစေချင်တော့ လို့ အစကတော့ ဒါကတော့လိုက်ရှင်းပြနေစရာမှ မလိုတာပဲ ဆိုပြီးနေခဲ့ပေ မဲ့ စိတ်အနှောက်ယှက်တော့

ဖြစ်ခဲ့ရသေးတာပါပဲ အဲ့ဒါကြောင့် အခုတစ်ခါတည်း သမီးကျောင်းစတက်ကတည်းအချိန်က နေခုချိန်ထိကျနော် လက်မှတ်နဲ့ ငွေသွင်းထားတဲ့လက်ခံဘောက်ချာတွေ ပေါင်းပြီးပြောလိုက်တာ ပါ ။ အခုလိုတင်တာက တကယ်လို့များ စာရွက်လေးတွေ မတော်တဆပျောက်ပျက်သွားခဲ့ရင်တောင် အမှတ်တရတစ်ခု ဖြစ်သိမ်းထားတဲ့သဘော လည်း ပါတာပေါ့..စိတ်ထဲမှာ သမီးလေးအဖေက ကျောင်းစားရိတ်တောင် ဆိုပြီး အတိအကျမသိ အမြင်မရှင်းပဲပြောနေကြတဲ့ သူတွေတချို့ကို လည်းဒါလောက်ဆို ကျေနပ်ကြပါတော့

တကယ်တော့ ကျွန်တော်အရွယ်ထက်ပိုတဲ့ အလုပ်တွေနဲ့ စိတ်ရောလူရေ ာအရမ်းပင်ပန်းနေရလို့ပါ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုဘယ်အရာမှ ဂရုမစိုက်တတ်ပေ မဲ့ ကျွန်တော့် သမီးနဲ့ ကျွန်တော်တို့မိသားစု အတွက် ကျွန်တော်ကိုပြောချင်ရာ ပြောနေကြတာ

ငြိမ်နေလို့ လည်းမဖြစ်လို့ ကျွန်တော်ပတ်ဝန်းကျင်နဲ့ အလှမ်းဝေးပြီးအမှန်တရားကို မသိသေးတဲ့သူတွေအတွက်ပါ အားလုံးကိုလည်းအမြဲမေတ္တ ာပို့လျှက်ပါသမီးလေးကိုစောင့်ရှောက်ပေးခဲ့ကြ တဲ့ MISY မိသားစုတွေ နဲ့ အခုနွေးထွေးစွာ နဲ့ ကြိုဆိုစောင့်ရှောက်ပေးခဲ့ကြ တဲ့ HCIS မိသားစုကိုလည်းကျေးဇူးအထူးတင်ပါတယ်’ ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်နော်

source- Sai hlwan

Leave a Reply

Your email address will not be published. Required fields are marked *