သားလေး နဲ့ သမီးလေး ကို ဘယ်လောက်ချစ်ကြောင်း Tattoo လေးနဲ့ သက်သေပြလိုက် တဲ့ ချောရတနာ
Posted on
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ချောရတနာ က တော့ ပရိသတ်ကြီးနဲ့ ရင်နှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာအိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို အရင်လောက် မလုပ်တော့ဘဲ ရပ်နားထားခဲ့ပါတယ်။ ဒါပေမယ့်ပရိသတ်တွေရဲ့အချစ်ကိုတော့ လက်ရှိအချိန်ထိသိမ်းပိုက်ထား နိုင်သူလည်းဖြစ်ပါတယ်
ချောရတနာ က သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်ကြီးသိအောင်လို့ လူမှုကွန်ယက် စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ ရှိပါတယ် ချောရတနာကတော့ အခုဆိုရင်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို လည်း ဂရုစိုက်ကြင်နာ တတ်တဲ့ခင်ပွန်း ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးတို့ အတူတည်ဆောက်ထား နိုင်ခဲ့ပါတယ်။
သူမရဲ့အားလပ်ချိန်တွေမှာ လည်း မိသားစု အတူ ကုန်ဆုံးလေ့ ရှိပါတယ်။ သားနဲ့သမီးလေး အပေါ်မှာလည်း နွေးထွေကြင်နာ မှုအပြည့်ပေးပြီး သေချာဂရုစိုက် စောင့်ရှောက်ပေး နေခဲ့တာပဲဖြစ်ပါတယ်။
ယခုမှာ တော့ မေမေ ချောရတနာ က ဝမ်းနဲ့လွယ်ပြီး မွေးထားခဲ့ရတဲ့ သားနဲ့သမီးကို ချစ်လွန်းလို့ လည်ပင်း ဂုတ်ပေါ်မှာTattoo ထိုးထားခဲ့တဲ့ အကြောင်းပြောပြလာခဲ့ပါတယ်။ ဒီအကြောင်းလေးကို တော့ ချောရတနာက ပုံရိပ်လေးနဲ့ အတူ ‘အသဲနှလုံးလေးတွေ ရဲ့ Tattoo လေး’ ဆို ပြီးရေးသား ကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေပေးထားခဲ့ တာပဲဖြစ်ပါတယ်။
source : Chaw Yadanar
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *