သိန်းထောင်ချီတန် တဲ့ လက်ဝတ်ရတနာတွေနဲ့ အမိုက်စားဖန်တီးမှုတွေ ကို မွေးနေ့မှာ ချပြလိုက်တဲ့ နေခြည်ဦး

Posted on


ပရိတ်သတ်ကြီးရေ အများနဲ့မတူဘဲ သွက်လက်တဲ့ ဟန်ပန်အမူအရာ လေးတွေနဲ့ပရိသတ် တွေရင်ထဲမှာ နေရာတစ်နေရာ ရရှိထားပြီးဖြစ် တဲ့ နေခြည်ဦး ကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencer တစ်ယောက်အနေနဲ့ ပါရပ်တည်တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

ထို့အပြင် နေခြည်ဦး ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်း အနုပညာလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေ အထိ ပါဝင်ရိုက်ကူးလာ နိုင်တဲ့သူဆို လည်းမမှားပါဘူး နော်။

နေခြည်ဦးကတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ စီးပွားရေး အလုပ်တွေ ကို ဦးစီးလုပ်ကိုင်နိုင် သူဖြစ်ပြီး စီးပွားရေးတွင်ရော အနုပညာလောက မှာ ပါ အောင်မြင်မှုတွေ များစွာ ရရှိနေသူ လေးဖြစ်တာကြောင့် အားလုံး ကလေးစားအားကျ ချစ်ခင်နေရတာ ပါ။ သူမက ပျော်ပျော်လည်း နေတတ်သလို ဘဝကို ပေါ့ပါးစွာနဲ့ တိုးတက်အောင်လုပ်ဆောင်နေနိုင်သူလေးလည်း ဖြစ်ပါတယ်နော်။

ယနေ့ကတော့ ချီချီရဲ့ (၂၉) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပြီး မွေးနေ့မှာ အများနဲ့မတူတဲ့ အမှတ်တရဖြစ်အောင်လို့ အမိုက်စားဖန်တီးမှုတွေ နဲ့ ပုံရိပ်လေးတွေ ကို ဝေမျှလာခဲ့ပါတယ်နော်။ ပုံလေးတွေမှာတော့ သိန်းထောင်ချီတန် တဲ့ လက်ဝတ်ရတနာတွေ အပြည့်နဲ့ ဖန်တီးထားတဲ့ အရာတွေက မိမိုက်လွန်းတာကြောင့် အချိန်ခဏလေးအတွင်းမှာ လူကြိုက်များခဲ့တယ်လို့လည်း သိရပါတယ်နော်။

ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အမိုက်စားဖန်တီးမှု ပုံရိပ်လေးတွေ ကို ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်နော်

source: NayChi Oo

Leave a Reply

Your email address will not be published. Required fields are marked *