သိန်းပေါင်း (၁၁၆၀)ကျော်အား ကိုဗစ် ၁၉ ကာလအတွင်း လိုအပ်တဲ့ နေရာများအား လှူဒါန်းခဲ့တဲ့ ဇာဏ်ခီ နဲ့ ခရစ္စတီးနားခီ

Posted on

မြန်မာနိုင်ငံ ကိုဗစ် ၁၉ ကူးစက်မှု စတင်ခဲ့သည့် ကိုဗစ် ပထမလှိုင်း ကာလ မှ လက်ရှိ ကာလအထိ အချိန် ထိ ခီမောင်နှံ ပရဟိတ အဖွဲ့ Free Cash Program for the Needy (FCPN) က လှူဒါန်းငွေ ကျပ်သိန်း (၁၁၆၀) ကျော်ကို ရရှိထားတယ် လို့ သိရပါတယ်။

အလှူငွေများ ရရှိတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီ က ဒီဇင်ဘာ (၁) ရက်က သူ့ရဲ့ လူမှုကွန်ယက် ပေါ်မှ တဆင့် လှူဒါန်းမှု စာရင်းနဲ့ အတူ ‘ ဒီနေ့ အကြိမ် ၃၀ မြောက် ပို့ဖြစ်တဲ့ လူစာရင်းဖြစ် သလို FCPN Chat box မှာ လျှောက်ထားသမျှ သူတွေ အကုန်ပဲဖြစ် ပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှု ပထမလှိုင်း ဖြစ် ချိန် မှ ယနေ့အ ချိန် ထိ စုစုပေါင်း ကျပ် ၁၁၆၂၈၀၀၀၀(သိန်းတစ်ထောင့်တစ်ရာ ခြောက်ဆယ့်နှစ် သိန်း နဲ့ ရှစ်​သောင်း)အား လှူဒါန်းခဲ့ ပြီးဖြစ်ပါတယ်။

ထိုအလှူဒါန ဖြစ်မြောက်ခဲ့မှုအား FCPN ကိုယ် စား ဝမ်းသာ ပီတိဖြစ်ရ သလို ဒီ အလှူကြီး မှာ ဝင်ရောက် လှူဒါန်းခဲ့ သူများအားလုံး ကို လည်း အထူးကျေးဇူး တင်ရှိပါ တယ်။

ခီမောင်နှံ ပရဟိတ အဖွဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ ကိုတော့ ပြီးခဲ့တဲ့ မေ လ တုန်းက ဇဏ်ခီ နဲ့ ဇနီးဖြစ် သူ ဒါရိုက်တာ ခရစ္စတီးနားခီ တို့က ငွေကျပ် သိန်း ၅၀ နဲ့ မ တည်ထားခဲ့ တာဖြစ်ပြီး ကိုဗစ် ရောဂါကပ် ဘေးကြောင့်အခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရ တဲ့ လက်လုပ် လက်စားများ၊ မပြေလည် သူတွေအ တွက် ထောက်ပံ့ကူ ညီနိုင်မယ့် အစီအစဥ် တစ်ခု အနေနဲ့ စတင် တည်ထောင်ခဲ့ တာလည်း ဖြစ်ပါတယ်။

အဆိုပါ အစီအစဥ် တွင် ငွေကြေး အကူအညီ တောင်းခံလိုသူများ အနေဖြင့် အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်(သို့) ယာဥ်မောင်းလိုင်စင် ၏ ဓာတ်ပုံ၊ ငွေလွှဲ ပေး ရ မယ့် ဖုန်းနံပါတ် တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်က တဆင့် ပို့ပေးရုံ နဲ့Wave Pay နဲ့ ငွေလွှဲပေးမယ် လို့ အဖွဲ့ ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ပေါ်မှာ ကြေညာထား ခဲ့တာလည်း ဖြစ်ကြောင်း သိရှိထားပါတယ်။

zawgyi







Leave a Reply

Your email address will not be published. Required fields are marked *