သိန်းရာချီတန်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ ကို လက်ဆောင်ရလိုက် တဲ့ စွမ်းဇာနည်

Posted on


ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိ ထားတဲ့ အနုပညာရှင် တစ်ဦး ဖြစ်တဲ့ မင်းသားချောလေး စွမ်းဇာနည်ကတော့ ဇာတ်မင်းသားအဖြစ် ဇာတ်ပွဲတွေမှာကပြဖျော်ဖြေပြီး နာမည်ကြီးခဲ့သလို သရုပ်ဆောင် အနေနဲ့လည်း ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ရ တာ ဖြစ်ပါတယ် ။ လက်ရှိမှာ တော့ စွမ်းဇာနည် က အနုပညာအလုပ်တွေ ကို ပြန်လည်လုပ်ကိုင်နေတာဖြစ်ပြီး အဖွဲ့သားတွေနဲ့အတူ ဇာတ်တိုက် ပြင်ဆင် နေတာ လည်း ဖြစ်ပါတယ် ။

ယခုဆိုရင် စွမ်းဇာနည်က ဇာတ်ပွဲချစ်ကြတဲ့ ပရိသတ်တွေကို ဖန်တီးမှုအသစ်တွေ ခံစားစေနိုင်စေဖို့ အတွက် ကြိုးစားပမ်းစား ပြင်ဆင်နေပြီး ကျကျနနဝတ်ဆင်ပြီး ချောမောခန့်ညားနေ တဲ့ စွမ်းဇာနည် က နှုတ်ခမ်းနီ မလေးတွေရဲ့စိတ်ဝင်တစား အားပေးမှု ကို ယနေ့အချိန်အထိ ရရှိနေတာ လည်း ဖြစ်ပါတယ် ။စွမ်းဇာနည် ကတော့ လက်ဆောင်အဖြစ် လက်ခံရရှိထားတဲ့ သူ့ရဲ့အဖိုးတန်ပစ္စည်းတွေ ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှ ပရိသတ်ကြီးထံ ချပြလာခဲ့တာလည်း ဖြစ်ပါတယ် ။

သူရဲ့ လက်ဆောင်ပစ္စည်း လေးတွေကို စွမ်းဇာနည် က ‘ဒီရက်ပိုင်းရတဲ့ လက်ဆောင်လေးတွေ ပါ အရမ်းကြိုက်ပါတယ် ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

စွမ်းဇာနည် လက်ဆောင်ရထားတဲ့ ပစ္စည်းလေးတွေနဲ့ သူရဲ့ ပုံရိပ်လေးတွေ ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *