သူငယ်ချင်းတွေတောင် မကြည့်ရက်နိုင်အောင် အိမ်မှာတစ်ယောက်တည်း ခံစားနေရှာတဲ့ မြင့်မြတ်

Posted on


နိုင်ငံကျော် ထိပ်တန်းမင်းသား တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ်က တော့ အိမ်တွင်းရေးကိစ္စတွေ ကြောင့် လက်ရှိမှာ ပရိသတ်တွေ ရဲ့ အထင်အမြင် လွဲမှားနေခြင်းခံ နေရတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူ့ရဲ့ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပက်သတ်ပြီး ဘယ်တုန်းကမှ ထုတ်ဖော်ပြော ကြားခြင်းမရှိသလို အခုလို ပြဿနာတွေ ဖြစ်လာချိန်မှာ လည်း သူ့ ပုံစံအတိုင်း တိုးတိုးတိတ်တိတ် သာ နေထိုင်နေရတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ ဖခင်ကိုယ်တိုင် က အင်တာဗျူး ဗွီဒီယို မှာ ဖြေကြားခဲ့ပေမယ့် မြင့်မြတ်တို့ မိသားစုအကြောင်း ကို သိကြသူတွေက တော့ ဒါက မိသားစု အချင်းချင်း ခဏတာ နားလည်မှုလွဲမှားတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်..။

ထိပ်တန်း မင်းသားဖြစ်တဲ့ မြင့်မြတ်က တော့ စိတ်သဘောထား ကောင်းမွန်ပြီး အများအကျိုးကို လည်း လိုလားသူ တစ်ယောက်ဖြစ်တာ ကြောင့် မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေ က ပရိသတ်တွေ အထင်လွဲမှားခြင်းမရှိ အောင် ဖြေရှင်းပေး နေကြတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာကလည်း သူမတို့ သူငယ်ချင်းအချင်းချင်း ပြောကြတဲ့ စာတွေကိုချပြပြီး မြင့်မြတ်တစ်ယောက် သူ့အိမ်မှာ အရမ်းခံစားနေရ တယ်ဆိုပြီး ပရိသတ်တွေအားလုံးသိအောင် ချပြလာတာပဲ ဖြစ်ပါတယ်..။

မြင့်မြတ်က တော့ မိဘကို သိတတ်သူတစ်ယောက်ဖြစ်တာကြောင့် မိဘတွေ ကို လစဥ်ထောက်ပံ့တဲ့ငွေကြေး အခုလို ပြဿနာတွေ ဖြစ်လာချိန်မှာ လည်း ဖခင်ကို အပြစ်မမြင် ပဲ သူတစ်ယောက်တည်း သာ ခံစားနေတာ ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *