သူမရဲ့ We love ပရိသတ်ဆီ က ဆုချတဲ့ ငွေ (၁၅) သိန်း ကျော်ကို လက်ခံရရှိခဲ့တဲ့ အကြောင်း ပြောပြလာ တဲ့ ခင်ရတနာစိုး

Posted on

ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထား တဲ့ ခင်ရတနာစိုး က တော့ လက်ရှိမှာ အနုပညာလမ်း ကြောင်းပေါ် ကို ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ် ။ နီနီခင်ဇော် နဲ့ အတူ သီချင်းတွေ ပြင်ဆင်လုပ်နေသလို အားပေးတဲ့ ပရိသတ်တွေ တစထက် တစ်စများပြားလာခဲ့ တာကလည်း ပရိသတ်တွေအမြင်ပါပဲ ။

ခင်ရတနာစိုး ရဲ့ We Love ဖန်တွေ က တော့ ခင်ခင် ပြိုင်ပွဲဝင်နေ စဉ် ကာလထဲက ငွေအင်အား ရော လူအင်အားရော ပေးဆပ်ပြီး အားပေးချစ်ခင်ခဲ့ကြတာပါ ။ လတ်တလောမှာ တော့ ခင်ခင်အတွက် We love ပရိသတ်တွေ က ဆုငွေ (၁၅သိန်း ၃သောင်း ၉ ထောင်)ကျပ် ကို ဆုချခဲ့တယ်လို့ သိရပါတယ် ။ We love admin ကိုသားသား မှ ထုတ်ယူပြီး ခင်ရတနာစိုး ထံပေးအပ်သွားခဲ့ တာဖြစ်တယ်လို့ လည်းသိရပါတယ် ။

ခင်ရတနာစိုး က တော့ သူမရဲ့ We love များကို ကျေးဇူးအထူး တင်ရှိကြောင်းနဲ့ သူမလိုအပ်တာ သုံးဖြစ်ရင် ပရိသတ်ကို အသိပေးပါ့မယ် လို့လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

ခင်ရတနာစိုးရဲ့ ပရိသတ်တွေက သူမအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကတော့ တကယ်ကို ကြည်နူးစရာပါပဲနော်။

source: KhinYadanarSoe

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *