ဟိတ်ဟန်တွေမထားပဲ သူ့ကိုအားပေးတဲ့ ကလေးမလေးကို ကြင်ကြင်နာနာဆက်ဆံခဲ့တဲ့ ပိုင်တံခွန် ရဲ့ ဗီဒီယို

Posted on

အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချော ပိုင်တံခွန် က တော့ နှုတ်ခမ်းနီမလေးတွေ ရဲ့အသည်းစွဲ ဖြစ်နေပြီး ပရိသတ်အများအပြား သည်းသည်းလှုပ်အားပေးခြင်းကိုရရှိနေသူ ဖြစ်ပါတယ် ။ ချောမောခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် ကို မြန်မာမိန်းကလေး ပရိသတ်တွေ သာမက ထိုင်းနိုင်ငံ က ပျိုမဒီလေးတွေ ကလည်း အားပေးဝန်းရံကြတာ ဖြစ်ပါတယ် ။

ပိုင်တံခွန်ကတော့ အနုပညာအလုပ်မှာ ကြိုးစားပမ်းစား လုပ်ကိုင်နေပြီး အရည်အချင်းရှိတဲ့သူဖြစ်တာကြောင့် ခဏတာအချိန် အတွင်းမှာပင် ကြော်ငြာတွေ အများအပြား ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ပရိသတ်တွေ အပေါ်မှာ လေးစားမှု ရှိ ပြီး ခွဲခြားမှုမရှိပဲ ကောင်းမွန်စွာ ဆက်ဆံတတ် တဲ့ ပိုင်တံခွန် က ယခုလည်း သူ့ရဲ့ ပရိတ်သတ် ကလေးမလေး တစ်ယောက်ရဲ့ လက်ပေါ်မှာ ဂရုတစ်စိုက်နဲ့ လက်မှတ်ထိုးပေးခဲ့တာ ဖြစ်ပါတယ် ။

မင်းသားချော် ပိုင်တံခွန် က သူ့ကိုအားပေးချစ်ခင်တဲ့ ကလေးမလေး တစ်ယောက်ရဲ့လက်ပေါ်မှာ သူကိုယ်တိုင် အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်တံခွန် က ဘောပင်လေး ပြန်ပေးရင်းနဲ့ ကလေးမလေး ကို အပြုံးချိုချိုလေးတွေ နဲ့ ဆက်ဆံပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအပေါ် အရမ်းချစ်တတ် တဲ့ ပိုင်တံခွန် ရဲ့ချစ်စရာ ကောင်းတဲ့ အပြုအမူလေးတစ်ခုဖြစ်တဲ့ ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source: Paing Takhon

Zawgyi



source: Paing Takhon

Leave a Reply

Your email address will not be published. Required fields are marked *