ဟိုင်းဝေးလမ်းပေါ် မှာ တွေ့တဲ့အကောင်လေး ကို ခွေးပေါက်လေးထင်ပြီး အိမ်ခေါ်မွေးခဲ့ တဲ့ အမျိုးသား ရဲ့ အဖြစ်

Posted on

ဂျပန်နိုင်ငံသား တစ်ဦးဖြစ် တဲ့ Marcy pm ဆိုသူဟာ ဟိုင်းဝေးလမ်းတစ်ခုပေါ် မှာ ကားမောင်းနေရင်း ရုတ်တရက် အဖော်မဲ့နေ တဲ့ အကောင်လေး တစ်ကောင်ကို တွေ့လိုက်ရတာကြောင့် Marcy ကားကို ရပ်လိုက်ပြီး အကောင်လေး ကို ကြည့်လိုက်တော့ ခွေးလေး တစ်ကောင် လို့ ထင်ပြီး အိမ်သို့ ခေါ်ဆောင်လာပြီး မွေးထားတဲ့ အကြောင်းကို Twitter စာမျက်နှာ မှာတင်လိုက်ရာ က အဖြစ်မှန်ကို သိရှိခဲ့တာပါ။

သူ တင်ထားတဲ့ ပို့ အောက်မှာ မန့်ထား တဲ့ Comment ပေါင်းများစွာထဲ မှာမှ တစ်ယောက်က တော့ ‘ဒါမြေခွေးမဟုတ်ဘူးလားလို့ ‘ ပြောတော့မှ သူလည်း သတိထားမိ သွားပါတော့တယ်။

ဒီလို နဲ့ တိရစ္ဆာန် အကြောင်း နားလည်တတ်ကျွမ်းတဲ့ သူဆီ အကောင်လေး ကို ပြတော့မှ မြေခွေး အမ ပေါက်စလေး ဖြစ်နေမှန်း သေချာသိခဲ့ပါတော့တယ်။

သူကလည်း ၎င်း မြေခွေးမလေး ကို အိမ်မှာမွေးထားချင်ပေမယ့် ဂျပန်နိုင်ငံရဲ့ ဥပဒေ အရ တောရိုင်းတိရစ္ဆာန်တွေ ကို အိမ်တွင်းမွေးမြူ ခွင့်မရှိတာ ကြောင့် နောက်ရက်မှ ာတော့ တောထဲကို ပြန်လွှတ်ရခဲ့ပါတယ်။

ဒီအကြောင်းကို သိခဲ့တဲ့ လူတော်တော်များများ က Marcy ရဲ့ စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုပေးခဲ့ ကြပြီး တိရစ္ဆာန်လေးတွေ ကို နောက်ပိုင်းမှာ လည်း များများကယ်တင်ပေးနိုင်ပါစေ လို့ ဆုတောင်းစကားတွေ ပြောထားကြပါတယ်။

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *