အကူအညီမဲ့နေတဲ့ ကိုယ်ဝန်သည်တွေ နဲ့ ကလေးငယ်တွေ ကိုစောင့်ရှောက်ပေး တဲ့ ဖောင်ဒေးရှင်းထံ အလှူငွေများသွားရောက် လှူဒါန်းခဲ့တဲ့ ဖွေးဖွေး

Posted on

နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဖွေးဖွေးက တော့ အမြဲတမ်းလိုလို သွက်လက်ဖြတ်လတ်ပြီး ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်နော် ။သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ဖွေးဖွေး ကမြန်မာ့ရုပ်ရှင်အကယ်ဒမီဆု(၃)ဆုကို လည်း ထိုက်ထိုက်တန်တန်နဲ့ ရရှိထားတာလည်း ဖြစ်ပါတယ်နော်။

သူမက လက်ရှိအချိန်မှာ တော့ ကိုဗစ် ၁၉ ရောဂါတွေ ကြောင့် အနုပညာအလုပ်တွေ မှာ ဇာတ်ကားတွေ ရိုက်ကူးရေးကို ရပ်နားထားခဲ့ ပြီး ကြော်ငြာလေးတွေ ကို သာ လက်ခံရိုက် ကူးနေတာပဲဖြစ်ပါတယ်။

ဖွေးဖွေးဟာထိပ်တန်းမင်းသမီးဖြစ်ပေမယ့်လည်း ဟိတ်ဟန်မရှိဘဲ စိတ်သဘောထားဖြူစင် သူလေးပါ။ အလှူအတန်းမှာ လည်းရက်ရောတတ် ပြီး သူမ ရှာဖွေစုဆောင်းထားတဲ့ အနုပညာကြေးလေးတွေ နဲ့ လိုအပ်တဲ့ နေရာတွေကို မကြာခဏ လှူဒါန်းပေး လေ့ရှိပါတယ်။

ယနေ့မှာ တော့ ဖွေးဖွေး က ခိုကိုးရာမဲ့ အကူအညီမရှိတဲ့ ကိုယ်ဝန်ဆောင်သည်များ နဲ့ မွေးကင်းစ ကလေးငယ်များကို ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း ထံ အလှူငွေ(၉)သိန်းကျပ် သွားရောက်လှူဒါန်းခဲ့တယ် လို့လည်း သိရပါတယ်။

ဖွေးဖွေးက ပရိသတ်ကြီးလည်း သာဓုခေါ်လို့ရ အောင် အလှူအကြောင်းလေး ကို သူမရဲ့ လူမှုကွန်ယက်ပေါ် မှာ အလှူပုံရိပ်လေး ကို ဝေမျှတင်ပေး ထားခဲ့ တာလည်းပါတယ်။ ပရိသတ်ကြီးအ တွက် ဖွေးဖွေး ရဲ့ အလှူပုံရိပ်လေးတွေ ကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် နော်။

sourc e : PhwayPhway

Leave a Reply

Your email address will not be published. Required fields are marked *