အင်းယားစင်တာမှ ကိုဗစ်လူနာများ နှင့် ဆရာဝန်များ၊ ပရဟိတအဖွဲ့များ နှင့် သွားရောက် တွေ့ဆုံအားပေးခဲ့တဲ့ ခင်ဝင့်ဝါ(ရုပ်သံ)

Posted on

သရုပ်ဆောင် မော်ဒယ်လ် ခင်ဝင့်ဝါ ကတော့ချိုသာ တဲ့ အပြုံးလေးနဲ့ ချစ်စရာ စကားပြောဟန် လေးတွေက ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်စေခဲ့ တာပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ အနုပညာ အလုပ်တွေကို ပုံမှန်လုပ်ကိုင်နေ လျက်ရှိပါတယ်။ ဗွီဒီယို ဇာတ်ကားတွေ ကို ရိုက်ကူးနေရ တဲ့သူမက ခုဆိုရင် ရုပ်ရှင်ဇာတ်ကား ကြီးတွေကို ပါ ရိုက်ကူးနေရပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ကို ရရှိနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာ တော့ ခင်ဝင့်ဝါ က ကြော်ငြာတွေကို ရိုက်ကူးနေရပြီး သူမရဲ့ ဘဝကို အရိုးရှင်းဆုံးလျှောက် လှမ်းနေတာပဲဖြစ်ပါတယ်။

သူမကတော့ ပရိတ်သတ်တွေ နဲ့ အဆက်အသွယ် မပျက်အောင် အမိုက်စား ဖက်ရှင်တွေဝတ်ပြီး အလန်းစားပို့စ်တွေ ထုတ်ကာ အသွင်မတူတဲ့ ပုံစံတွေနဲ့ ချပြလေ့ရှိပါတယ်။ အခုအခါမှာ လည်း အင်းယားစင်တာ ရဲ့ ဖိတ်ကြားမှုကြောင့် အင်းယား စင်တာ သို့ သွားရောက်ပြီး ကိုဗစ်-၁၉ လူနာများ ၊ ဆရာဝန်များ ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးများကို အားပေးခဲ့တာလေးကို ပြန်လည်မျှဝေ ပေးလာခဲ့ပါတယ်။

ခင်ဝင့်ဝါက အင်းယားစင်တာ တွင် ကိုဗစ်-၁၉ လူနာများ ၊ ဆရာဝန်များ ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်းများကို ရင်းနှီးဖော်ရွေစွာနဲ့ တွေ့ဆုံနှုတ်ဆက် အားပေးနေခဲ့ပြီး သူမ အနေနဲ့ အလွန်ကို ပီတိ ဖြစ်နေတာလည်း တွေ့ရပါတယ်။

အားလုံးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်နှုတ်ဆက်ကြတာကို လည်းတွေ့ရပါတယ်။ အဲ့ဒီတုန်းကလည်း သူမရဲ့ မျက်နှာလေးဟာလည်း ကြည်လင်ဝင်းပပြီး ချိုပြုံးနေတာကြောင့် မြင်သူတိုင်းရဲ့ ရင်ထဲ အေးမြစေမှာတော့ အမှန်ပဲဖြစ်ပါတယ်။

အင်းယားစင်တာမှာ အားပေးတွေ့ဆုံနေရင်း ပီတိဖြစ်နေတဲ့ ခင်ဝင့်ဝါ ရဲ့ ဗွီဒီယိုလေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source:KhinWintWah

Leave a Reply

Your email address will not be published. Required fields are marked *