အပျိုဖော်အရွယ် မိန်းကလေး အား ဘဝမပျက်အောင် ကယ်ခဲ့တဲ့ လေးစားဖွယ် တက္ကစီ ယာဉ်မောင်း
Posted on
အပျိုဖော် အရွယ် မိန်းကလေးကို ဘဝမပျက်အောင် လို့ ကယ်တင်ပေး ခဲ့တဲ့ တက္ကစီ ယာဥ်မောင်းနှင့် ပရဟိတ သတင်း အယ်ဒီတာ ၏ ကူညီမှုကြောင့် ဘဲ အပျိုဖော်ဝင်စ အရွယ် ကောင်မလေး တစ်ဦး ရဲ့ ဘဝကို ကယ်တင် နိုင်ခဲ့တဲ့ ကြောင်းကို ဖော်ပြပေး လိုက်ပါတယ်။
၂၀၂၀ နံနက်ပိုင်း အချိန်တစ်ခု မှာ (WeeklyDailyNews) သတင်း အေဂျင်စီ ရဲ့ အယ်ဒီတာ တစ်ဦးဖြစ် တဲ့ ရွှေကသစ် နှင့် တက္ကစီ ယာဉ်မောင်း တို့ ၏ ပရဟိတ စိတ်ဓာတ်နဲ့ ကူညီပေးခဲ့ တဲ့ ဖြစ်ရပ်လေးတစ်ခု ပါ။ ဧရာဝတီတိုင်း မှ အိမ်ဖော်အလုပ်လာ လုပ်နေသည့် ကလေးမလေး ကို ကယ်တင်နိုင် ခဲ့ တဲ့ ရိုးသားတဲ့ တက္ကစီသမား နဲ့ တွေ့ခဲ့လို သာ အပျိုဖော် အရွယ် မိန်းကလေးကို ကယ်တင်နိုင်ခဲ့တာပါ။ မရိုးသားတဲ့သူ များနှင့် သာတွေ့ပါ က ဘယ်ရောက်ပြီး ဘာဖြစ်မလည်း မပြောနိုင်ပါ
နံနက်ခင်း စောစော အထုတ်လေး ကိုင်ပြီးတော့ တက္ကစီ ကို တားစီးပြီး သူ့ကိုကြိုက်တဲ့ နေရာခေါ် ပို့ပါဆို ပြီးတော့ ပြောလာတော့ တက္ကစီ သမား က ကျွန့်တော့်ထံဆက်သွယ် အကြောင်းကြား လာခဲ့ပါတယ်။ ကျွန်တော်က လဲ ကျွန်တော် အိမ်ခေါ်လာခဲ့ ပြောတာ ကြောင့် တက္ကစီယာဥ်မောင်းက အိမ် ကို ခေါ်လာခဲ့ တာပါ။
တက္ကဆီ ယဥ်မောင်း ခေါ်လာတဲ့ ကလေးမ လေး ကို မေးမြန်း စစ်ဆေးလိုက်ကြည့်လိုက်​ တော့ အိမ်ဖော်မလုပ်ချင် လို့ အိမ်ရှင်တွေ မနိုးခင် ထွက်ပြေးလာ ခဲ့တာဖြစ် ကြောင်း သိရှိရတဲ့အတွက် အိမ်ရှင်တွေ ဆီ ဆက်သွယ် အကြောင်းကြား တော့ အိမ်ရှင်တွေ က လည်း စိတ်ပူလို့ လိုက်ရှာနေ တာဖြစ်ပြီး​ ကောင်းမွန်စွာ ပြန်လည် အပ်နိုင်ခဲ့ပါတယ်။
အိမ်မှာ ဆက်ပြီး မခိုင်းချင် ပါက မရိုက်မနှက် ကြ ဘဲ ထိုကလေး ၏ မိခင်အား ပြန်အပ်ကြ ရန် မှာကြားခဲ့ တာပါ။ အားလုံးအဆင် ပြေပြီး အခက်အ ခဲမရှိ ဒုက္ခမကြုံ ကြစေရန် ယ နေ့ ကူညီဆောင် ရွက်ပေးနိုင် ခဲ့တာဟာ မင်္ဂလာ တစ်ပါးပါ နော်။ မှတ်ချက် အိမ်ရှင်များ ကောင်းတာသိ၍ ပြန်အပ် နှံပေးခဲ့တာ ပါ။ ကူညီ သူများ ကို လေးစားဂုဏ်ယူ ၍ ဖော်ပြလိုက် ရပါတယ်နော်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *