အဖေ ဖုန်းဆက်ရင် ကိုင်ပေးပါ လို့ ဆိုတဲ့ Taxi မောင်းနေတဲ့ ဒိတ်ဒိတ်ကြဲ မင်းသားမြင့်မြတ် ရဲ့ ဖခင်

Posted on

ပရိသတ်ကြီးရေ မင်းသားချော မြင့်မြတ်ကတော့ သဘာဝ မင်းသားလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ သာယာပျော်ရွှင်စရာ မိသားစုဘဝလေး ကိုတည်ဆောက်ထားနိုင်တာ ဖြစ်ပြီးပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကိုလည်း အပီအပြင် သရုပ်ဆောင်နိုင် တဲ့သူ တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ ဆုကြီးကို လည်းရရှိထားသူ တစ်ယောက်ပါနော်။ မြင့်မြတ် က အနုပညာလောကမှာ လည်းနှစ်ပေါင်း အတော်ကြာရပ် တည်အောင်မြင်နေတာ လည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲ မင်းသား တစ်ယောက်လည်း ဖြစ်ပါတယ်နော်။

မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်သတ်တွေ ရှေ့ချပြတာ အလွန်နည်းပါတယ်။မြင့်မြတ်ရဲ့ ဖခင်က ယခုအချိန်မှာTaxi မောင်းနေရပြီး ဖုန်းဆက်တဲ့အချိန် မှာသားကိုဖုန်းကိုင်စေချင်တဲ့ အကြောင်းလေး ပြောလာခဲ့ ပါတယ်။မြင့်မြတ်ရဲ့ အဖေ ဦးမြင့်ကျော် က’အခုလောလောဆယ် စားဖို့အတွက်နဲ့ လစဉ်သွင်းရမယ့် ငွေလေးတွေရှိနေတာကြောင့် လိုအပ်ချက်အရ မဖြစ်မနေTaxi ကားမောင်းနေတာပါ။ ကိုယ့်ဘဝကိုရုန်းကန်နေတာပါ။

သားဖြစ်သူ မြင့်မြတ်ကတော့ မိသားစုအပေါ်မှာသိတတ်ပါတယ်။အင်မတန်လည်း တော်တယ်။Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သားရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီးမောင်းပါ တယ်။

ဦးကြောင့်သားစိတ်အနှောက် အယှက်ဖြစ်စေမယ့် အလုပ်မျိုးတွေကို ရှောင်တယ်။သားကို များများတော့ မပြောချင်ပါဘူး.. အဖေဖုန်းဆက်ရင်သားကိုင်စေချင်တယ်’ လို့ ပြောလာခဲ့ပါ တယ်။

credit: mc

Leave a Reply

Your email address will not be published. Required fields are marked *