အမေရိကန် က ကာကွယ်ဆေး က လူကို မိချောင်းအဖြစ် ပြောင်းသွားနိုင် တယ် လို့ ဘရာဇီး သမ္မတ ပြောကြား

Posted on

ဘရာဇီး သမ္မတ က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေး အစီအစဥ် စတင်ချိန်မှာ တိုက်ခိုက်တဲ့အနေနဲ့ Pfizer-BioNTech ထုတ်ဆေးတွေ က လူတွေကို မိချောင်းတွေအဖြစ် ပြောင်းလဲ နိုင်သလို အမျိုးသမီးတွေမှာလည်း မုတ်ဆိတ်မွှေး တွေ ထွက်လာနိုင်ကြောင်း တိုက်ခိုက် ပြောဆို လိုက်ပါတယ်။

ဘရာဇီး သမ္မတ ဘော်ဆွန်နာရိုက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကို တုတ်ကွေးသာသာ ပဲ ရှိတယ်လို့ မှားယွင်းစွာ ပြောဆိုခဲ့သလို နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေး အစီစဉ်မှ ာလည်း သူပါဝင် အထိုးခံမှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။

Pfizer နဲ့ သဘောတူညီချက်မှာ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုး ကို တာဝန်ယူမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပါရှိတဲ့ အတွက်ကြောင့်လည်း အကယ်၍ ကာကွယ်ဆေး ကြောင့် မိချောင်းတစ်ကောင် အဖြစ် ပြောင်းသွားခဲ့မယ် ဆိုရင်တောင် ကိုယ်ကိစ္စဖြစ် သွားမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။

ဘရာဇီး ဗဟိုတရားရုံးက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ လူတိုင်းထိုးရမယ့် ကာကွယ်ဆေး ဖြစ်ပေမယ့် အင်အားသုံးပြီး ထိုးခိုင်းမှာ မဟုတ်ကြောင်း ကြာသပတေးနေ့က အမိန့်ထုတ်ပြန် ထားပါတယ်။ Pfizer မှ ထုတ်လုပ်သော ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးဟာ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတချို့မှာ လူထုအား ကာကွယ်ဆေး ထိုးနှံပေးနေပြီး ဘရာဇီးနိုင်ငံမှာလည်း အဲဒီဆေးကို စမ်းသပ်ခဲ့ တာကို တွေ့ရပါတယ်။

သမ္မတ အနေဖြင့် ကာကွယ်ဆေး အသုံးပြုခွင့်ကို နိုင်ငံရဲ့ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Anvisa က ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် နိုင်ငံသားအားလုံး အတွက် ကာကွယ်ဆေး ရရှိစေမယ်။ ဒါပေမယ့် သူ့အတွက်တော့ မလိုကြောင်း၊ သူက ကာကွယ် အထိုးခံမှာ မဟုတ်ကြောင်း ပြောပါတယ်။ လူဦးရေ ၂၁၂ သန်းနေထိုင် တဲ့ ဘရာဇီး နိုင်ငံမှာ ကိုဗစ် ရောဂါပိုး ကူးစက်ခံရသူ ၇.၁ သန်းကျော် ရှိပြီး သေဆုံးသူ ဟာ ၁၈၅,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။

credit

Leave a Reply

Your email address will not be published. Required fields are marked *