အသက်(၄၁)နှစ်ပြည့် မွေးနေ့မှာ သံဃာတော် အပါး(၁၀၀၀) ကျော်ကို နေ့ ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ စိုးမြတ်နန္ဒာ

Posted on

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်စိုးမြတ်နန္ဒာဟာဒီနေ့မှာပဲ အသက်(၄၁)နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့မွေးနေ့အမှတ်တရအလှူအဖြစ် မန္တလေးမဟာဂန္ဓာရုံကျောင်းတိုက်မှာ ရာသက်ပန်မွေးနေ့အလှူရှင်အဖြစ်သံဃာအပါး(၁၀၀၀)ကျော်ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

စိုးမြတ်နန္ဒာက တော့သူ့ရဲ့မွေးနေ့ အလှူနဲ့ပြုလုပ်ခဲ့ ပုံလေးကို ‘ လူ့လောကမှ ာရှင်သန်ခွင့်ရ အောင်မွေးထုတ်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေ ကို ကန်တော့ပါရစေ မောင်နှမ အရင်းအဖြစ် ရေစက်ဆုံခွင့်ရပြီး ဒီအချိန်ထိ အရိပ်လို မိုးပေးထားတဲ့မကြီး မလေးနဲ့ ကိုကြီးတို့ကို လဲ သံသရာကျင် လည်နေသရွေ့ အနီးဆုံးလူတွေ အဖြစ်နဲ့ပဲပြန်ဆုံ တွေ့ခွင့်ရပါရစေ’

‘တွေ့ကြုံရတဲ့ လောကဓံ တွေအရ လူတွေအားလုံးကို မှန်လိုမဆက်ဆံပဲ သူကောင်းလဲကိုယ်ကောင်း/သူမကောင်းလဲ ကိုယ်ကောင်းဆိုတဲ့ အနေထားနဲ့ ပဲနေသွားပါ့မယ်ကိုယ့်မိသားစု ကိုယ့်ရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ကိုယ့်ကိုချစ်တဲ့ ပန်ကာလေးတွေနဲ့ပဲ ဘဝကိုပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်းဖို့ဦးတည်ထားပါတယ်’

‘ မွေးနေ့မှာဒါန အလှူအဖြစ် ဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသအားကြည်ညို ဦးထိပ်ထားလျှက် မန္တလေးမဟာ ဂန္ဓာရုံကျောင်း တိုက်မှာ ရာသက်ပန်မွေးနေ့အလှူရှင် အဖြစ် သံဃာအပါး ၁၀၀၀ ကျော်ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ် ( ကပ်ရောဂါ အခြေအနေမို့သွား လို့မရခဲ့ပါဘူး )ရှိနေတဲ့ နေရာလေးမှာ ခေတ္တဘုရားကျောင်း ဆောင်လေးရှိတာမို့

ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊မဟာသမယ စေတီတည်ခြင်း၊ ပဉှာဝါရရွတ် ဖတ်ပူဇော်ခြင်း ကုသိုလ် များပြုလုပ်ပါတယ် ညနေပိုင်းလေး မှာတော့ ဒီမှာရှိတဲ့ချစ်ခင်သူတွေနဲ့ ညစာအတူစားပါမယ်

အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုးကို လဲ ကျေးဇူး အထူးတင် ရပါတယ် မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းရင်းအသက် ၄၀ ကိုထားခဲ့ပြီး ၄၁ နှစ်မှာကောင်း မှုကုသိုလ်တွေနဲ့ ပို၍ငြိမ်း ချမ်းပါရစေရှင့်’ ဆိုပြီးရေး သားကာ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသား ပြောပြထားခဲ့ တာဖြစ် ပါ တယ်။

source:soe myat nandar

Zawgyi

ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္စိုးျမတ္နႏၵာ ဟာဒီေန႔မွာပဲ အသက္(၄၁)ႏွစ္ျပည့္သြားခဲ့တာျဖစ္ပါတယ္။ သူမရဲ့ေမြးေန႔အမွတ္တရအလႉအျဖစ္ မႏၲေလးမဟာဂႏၶာ႐ုံေက်ာင္းတိုက္မွာ ရာသက္ပန္ေမြးေန႔အလႉရွင္အျဖစ္သံဃာအပါး(၁၀၀၀)ေက်ာ္ကို ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။

စိုးျမတ္နႏၵာက ေတာ့သူ႔ရဲ့ေမြးေန႔အလႉနဲ႔ျပဳလုပ္ခဲ့ပုံေလးကို ‘ လူ႔ေလာကမွ ာရွင္သန္ခြင့္ရ ေအာင္ေမြးထုတ္ေပးခဲ့တဲ့ ေဖေဖနဲ႔ေမေမ ကို ကန္ေတာ့ပါရေစ ေမာင္ႏွမ အရင္းအျဖစ္ ေရစက္ဆုံခြင့္ရၿပီး ဒီအခ်ိန္ထိ အရိပ္လို မိုးေပးထားတဲ့မႀကီး မေလးနဲ႔ ကိုႀကီးတို႔ကို လဲ သံသရာက်င္ လည္ေနသေရြ႕ အနီးဆုံးလူေတြ အျဖစ္နဲ႔ပဲျပန္ဆုံ ေတြ႕ခြင့္ရပါရေစ’

‘ေတြ႕ၾကဳံရတဲ့ ေလာကဓံ ေတြအရ လူေတြအားလုံးကို မွန္လိုမဆက္ဆံပဲ သူေကာင္းလဲကိုယ္ေကာင္း/သူမေကာင္းလဲကိုယ္ေကာင္းဆိုတဲ့ အေနထားနဲ႔ပဲေနသြားပါ့ မယ္ကိုယ့္မိသားစု ကိုယ့္ရဲ့ခ်စ္ခင္ရတဲ့ မိတ္ေဆြေတြ ကိုယ့္ကိုခ်စ္တဲ့ ပန္ကာေလးေတြနဲ႔ပဲ ဘဝကိုေပ်ာ္ရႊင္ျပည့္စုံစြာျဖတ္သန္းဖို႔ဦးတည္ထားပါတယ္’

‘ ေမြးေန႔မွာဒါန အလႉအျဖစ္ ဆရာေတာ္ဘုရားႀကီး အရွင္ဇနကာ ဘိဝံသအားၾကည္ညိဳ ဦးထိပ္ထားလၽွက္ မႏၲေလးမဟာ ဂႏၶာ႐ုံေက်ာင္း တိုက္မွာ ရာသက္ပန္ေမြးေန႔အလႉရွင္ အျဖစ္ သံဃာအပါး ၁၀၀၀ ေက်ာ္ကို ေန႔ဆြမ္းဆက္ကပ္ လႉဒါန္းခဲ့ပါတယ္ ( ကပ္ေရာဂါ အေျခအေနမို႔သြား လို႔မရခဲ့ပါဘူး )ရွိေနတဲ့ ေနရာေလးမွာ ေခတၱဘုရားေက်ာင္း ေဆာင္ေလးရွိတာမို႔

ပရိတ္ပဌာန္း ရြတ္ဖတ္ပူေဇာ္ျခင္း ၊မဟာသမယ ေစတီတည္ျခင္း၊ ပဉွာဝါရရြတ္ ဖတ္ပူေဇာ္ျခင္း ကုသိုလ္ မ်ားျပဳလုပ္ပါတယ္ ညေနပိုင္းေလး မွာေတာ့ ဒီမွာရွိတဲ့ခ်စ္ခင္သူေတြနဲ႔ ညစာအတူစားပါမယ္

အနားမွာ အျမဲရွိေနေပးတဲ့ ဘစိုးကို လဲ ေက်းဇူး အထူးတင္ ရပါတယ္ ေမြးေန႔ကို ရိုးရွင္းစြာျဖတ္သန္းရင္းအသက္ ၄၀ ကိုထားခဲ့ၿပီး ၄၁ ႏွစ္မွာေကာင္း မႈကုသိုလ္ေတြနဲ႔ ပို၍ၿငိမ္းခ်မ္းပါရေစရွင့္’ ဆိုၿပီးေရး သားကာ သူ႔ရဲ့လူမႈ ကြန္ရက္စာမ်က္ ႏွာကေန ေျပာျပထားခဲ့ တာျဖစ္ပါတယ္။

source:soe myat nandar

Leave a Reply

Your email address will not be published. Required fields are marked *