အသည်းယား စရာကောင်းတဲ့ ချစ်စဖွယ် အပြုံးလေးတွေ နဲ့ဖမ်းစားလိုက် တဲ့ မေမီကိုကို

Posted on


ဆွဲဆောင်နိုင်လွန်းတဲ့ အလှတရားတွေ နဲ့အပြုံးချိုချို လေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေမီကိုကို ကိုတော့ ပရိသတ်ကြီး သိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

သူမကို ဇာတ်လမ်းတွဲများစွာ မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေ သိရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ အောင်မြင်မှုတွေ ကို ရရှိထား သူလေးပါ နော်။ သရုပ်ဆောင် ပိုင်းကိုလည်း ပီပြင်စွာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်နိုင် သူလေးလည်း ဖြစ်ပါတယ်။

သူမက ချစ်ဖို့ကောင်းနေသလို အပြုံးလေးတွေ ကလည်း အေးချမ်းဖြူစင်လှ သူလေးပဲဖြစ်ပါတယ်။ စိုပြေဝင်းလက် တဲ့ အသားအရည်လေး က ဘောင်းဘီတိုလေးနဲ့ လိုက်ဖက်လှစွာ လှပနေတာလည်း ဖြစ်ပါတယ်။

အဆီပိုမရှိ ကျစ်လစ်လှ တဲ့ အမိုက်စား ကိုယ်လုံးလေးကြောင့်လည်း အလှတွေ ပေါ်လွင်ကာ ပရိသတ်တွေကြား ရေပန်းစားနေသူလေး လည်းဖြစ်ပါတယ်နော်။

သူမကတော့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ လည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲတင်ပေးလေ့ ရှိတတ်ပြီး ယခုလည်း ‘မင်း အချစ်တွေနဲ့ ‘ ဆိုတဲ့ စာသားလေးနဲ့ အတူ လှပတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် မေမီကိုကို ရဲ့ ဆွဲဆောင်မှုရှိရှိ လှပလွန်းနေတဲ့ ပုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်

source- MayMiKoKo

Leave a Reply

Your email address will not be published. Required fields are marked *