အိမ်ထောင်ဖက် မရှိလည်း နည်းပညာ အကူညီ နဲ့ ကလေးယူမယ် လို့ပြောပြလာ တဲ့ အဆိုတော် ရေဗက္ကာဝင်း

Posted on


ပရိသတ်ကြီးရေ အဆိုတော် တေးသံရှင် ရေဗက္ကာဝင်း ကတော့ သူမရဲ့ အမျိုးသားနဲ့ လမ်းခွဲပြီးနောက်ပိုင်း တစ်ကိုယ်တည်းနေထိုင်လာခဲ့တာလည်း ဖြစ်ပါတယ်နော်။ သူမကတော့ အိမ်ထောင်ဖက် မရှိတော့ပေမယ့် နည်းပညာ အကူညီ နဲ့ ကလေးယူဖို့ တွေးစီစဥ်ထားကြောင်း ကိုသိရပါတယ်

ရေဗက္ကာဝင်း က နည်းပညာအကူအညီနဲ့ ကလေးယူမည့် အကြောင်းကို ‘အိမ်ထောင်ဖက် မရှိလည်း သားသမီး ယူလို့ရ တယ်ပေါ့နော် ၊၊ ခေတ်ကြီးက လည်း တိုးတက်ပြောင်းလဲနေ တဲ့ ခေတ်ကိုရောက်လာ ပြီ ။ IVF ဆို တဲ့ နည်းပညာ နဲ့ သားသမီး ယူ လို့ ရတယ်ပေါ့နော်။ အစ်မ အရင်ကလည်းအင်တာဗျုး တွေ မှာ ခဏခဏ ပြောခဲ့ဖူးပါ တယ်။

အိမ်ထောင်ဖက် မရှိလည်း သား သမီး ယူချင်တယ်ပေါ့နော်။ အစ်မကတော့ အစ်မရဲ့မျိုးဆက် ကို ဆက်ခံမယ့် သားသမီး လိုချင်တယ် အိမ်ထောင်ဖက် မရှိဘဲ တစ်ယောက်တည်း ဆိုတဲ့ အခါ ကျတော့လည်း ကိုယ့်အတွက် အဖော်လည်း ဖြစ်တာပေါ့ ‘လို့ ဆိုပါတယ်။

သူမ အနေနဲ့ ယခုလို နည်းပညာအကူအညီ နဲ့ ကလေးယူမည့် ကိစ္စကို မိဘတွေ က တော့ သဘောမတူကြောင်း လည်း ရေဗက္ကာဝင်း က ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။’ အမေ နဲ့ အဖေက တော့ အားမပေးဘူးပေါ့ နော်။ မိဘတွေ က တော့ ရှေးရိုးစွဲ ဆို တော့ ဒါမျိုးကိစ္စ ကို မလုပ်သင့်ဘူးလို့ ပြောကြတယ်။ အခုအင်တာဗျူး ကို တွေ့ တဲ့ လူကြီးသူမ တွေကလည်း ဒါမျိုးကို အားပေးမယ် မထင်ဘူး ဒါအမှန်အတိုင်း ပြောပြတာ။ ညီအစ်မတွေ က တော့ ကိုယ်နဲ့အသက်ချင်း လည်း သိပ်မကွာတော့ အစ်မရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးသ လို အားလည်းအားပေးပါတယ် ” လို့ ရေဗက္ကာဝင်း က ဆိုပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ရေဗက္ကာဝင်း က အသက် (၃၅) နှစ်ရှိနေပြီဖြစ် ကာ အသက် (၄၀) မတိုင်ခင်မှာ IVF နည်းပညာနဲ့ ကလေးယူ ဖို့ စဥ်းစားထား ပြီး မြန်မာနိုင်ငံမှာ ရော ထိုင်းနိုင်ငံမှာ ပါ ဆရာဝန်တွေ နဲ့ ဆွေးနွေးတိုင်ပင်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *