အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် မှာ ကိုဗစ်မျိုးကွဲ ဖြစ်ပေါ်နေသည် ကို နိုဝင်ဘာလ အစောပိုင်းကတည်းက တွေ့ရှိခဲ့ ဟု ဆို

Posted on

ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတွင် ဗီဇပြောင်း ဗိုင်းရပ်စ် ကို ယခု ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အစောပိုင်းတည်းက ၎င်း ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ အစီအစဉ် ကို စစ်ဆေးခဲ့ရာ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် မှာ ဗြိတိန် နှင့် ပီရူးနိုင်ငံ တို့တွင် တွေ့ရှိခဲ့ သည့် ဗိုင်းရပ်စ်မျိုးကွဲ နှင့် ဆင်တူနေသည် ကို ဖော်ထုတ်နိုင်ခဲ့ ကြောင်း BCSIR ကျောင်းအုပ် ကြီး၊ သိပ္ပံဆိုင်ရာ အရာရှိ ဒေါက် တာ မိုဟာမက်ဆလင်းခန် က ကြာသပတေး နေ့ က အတည်ပြု ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

သို့ပါသော် လည်း ဘင်္ဂလားဒေ့ရ်ှတွင် ရှိနေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇကွဲပြားနေခြင်းမှာ ဗြိတိန်နိုင်ငံ တွင် ကူးစက်ပျံ့နှံ့နေ သကဲ့သို့ ဟုတ်၊ မဟုတ် သေချာစွာ မသိရှိရသေး ကြောင်း၊ မျိုးရိုးဗီ ဇပြောင်းလဲ သည့် ပုံစံအဆင့်ဆင့် ကို လေ့လာပြီးစီးသည့် အခါ ဗီဇပြောင်းဗိုင်းရပ်စ် သစ်၏ ကူးစက်နိုင်စွမ်း ကို သိရှိနိုင် မည်ဖြစ်ကြောင်း သိပ္ပံဆိုင်ရာ အရာရှိက ဆက်လက်ပြောကြား လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေး နှင့် သုတေသန ဆိုင်ရာ အင်စတီကျု့ဒ် (IEDCR) ကမူ ဘင်္ဂလားဒေ့ရှ် သို့ ဗိုင်းရပ်စ်ကူးစက်ရခြင်း၏ အဓိက အရင်းအမြစ်မှာ ဗြိတိန်နိုင်ငံ မှ ခရီးသွားများ ဖြစ်မည်ဟု ယူဆနေပါတယ်။

ဗြိတိန်နိုင်ငံမှ အင်္ဂါနေ့ တွင် ကြေညာခဲ့သော ပုံမှန်ထက် အဆပေါင်း ၇၀ အထိ ပိုမိုကူးစက်စေနိုင် သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ B.1.1.7. သို့မဟုတ် Variant of Concern 202012/01 (VOC-202012/01 ) ကြောင့် ကူးစက်မှု စံချိန်တင် မြင့်တက်ခြင်း သတင်းနှင့် အတူ ရောဂါဖြစ်ပွားမှု အရေအတွက် နှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသူများ တိုးမြင့်လာခြင်း တို့ကို ဖော်ပြထား ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ဗြိတိန်နိုင်ငံ၌ ဖြစ်ပွားသော ရောဂါကူးစက်မှုမျိုးကို သြစတြေးလျ၊ ဒိန်းမတ်နှင့် နယ်သာလန်တို့၌ အရေအတွက် အနည်းငယ်စီ တွေ့ရှိရကြောင်း ပြောဆိုပါတယ်။ ရောဂါပျံ့နှံ့မှု ကို ရပ်တန့်နိုင် စေရေး အတွက် နိုင်ငံပေါင်း (၃၀) ခန့်တို့ က ဗြိတိန်နှင့် တောင်အာဖရိက တို့မှ ခရီးသွားလာခြင်းများကို ပိတ်ပင်ထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လည်း နိုင်ငံအတွင်းသို့ မျိုးကွဲကိုရိုနာဗိုင်းရပ်စ်သစ် ဝင်ရောက်မလာ နိုင်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် ဆောင်ရွက်လျှက်ရှိပါတယ်။ အခြားသောနိုင်ငံများမှ ဝင်ရောက်လာသူများအတွက် ပုံမှန်အားဖြင့် ၃-ရက်သာ ကွာရန်တင်းဝင်ရောက်ရသော်လည်း ဗြိတိန်နိုင်ငံမှ ရောက်ရှိလာသော ခရီးသည်တို့ အနေဖြင့် ၇-ရက် အထိ အသင်းအဖွဲ့/ဆေးရုံတို့ တွင် ကွာရန်တင်း ဝင်ကြရမည်ဖြစ်ကြောင်း၊ ဗြိတိန်မှ ခရီးစဉ်များ အတွက် သီးခြားလေ ကြောင်းလိုင်းများ နှင့် လူဝင်မှုကြီးကြပ် ရေး ကောင်တာများ သီးခြားသတ်မှတ်ပေး မည်ဖြစ်ကြောင်း ကြေညာထားကြောင်း လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *