အောင်လ ကို ပထမပွဲတုန်း က ၃ မိနစ် နဲ့ နိုင်ခဲ့သလို နောက်တစ်ပွဲထပ်ထိုး ရင် ၂ မိနစ်နဲ့ အနိုင်ယူပြမယ်လို့ တုန့်ပြန်ပြောလာတဲ့ ဒီရိုင်ဒါ

Posted on


ဒီရိုင်ဒါ နဲ့ အောင်လတို့ ရဲ့ ပွဲဟာဆိုရင်တော့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု အမြင့်ဆုံးပွဲ တစ်ပွဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ မစ်ဒယ်ဝိတ်တန်း Champion ခါးပတ်လုပွဲ ကတော့ အားလုံးသိထားပီး ဖြစ်ပါတယ်။ ၎င်းပွဲကြီးမှာ ဒီရိုင်ဒါ ကတော့ ခါးပတ်နှစ်ခုပိုင်ရှင် ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းကို အချိန်သုံးမိနစ်ကျော်လေးအတွင်းမှာပဲ အနိုင်ယူပြလိုက်ပါတယ်။

ထိုကြောင့်လည်း ဝေဖန်သံတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ ရိုင်နီယာကလည်း အောင်လကို အနိုင်ယူရတာ အရမ်းလွယ်ကူလွန်းခဲ့တယ်လို့ လည်း ပြောခဲ့ပါသေးတယ်။ ဒီပွဲမထိုးခင်ကတော့ ရိုင်နီယာဟာ ဒီပွဲကို အနိုင်ရခဲ့ရင် မကျေပွဲထိုးခွင့် ကို ချက်ချင်းလက်ခံမယ်လို့ ပြောခဲ့ပါတယ်။

ယခု အောင်လအန်ဆန်း က မကျေပွဲ ပြန်လည်ထိုးသတ်ရန် စိန်ခေါ်တဲ့ အချိန်မှာ တော့ ရိုင်နီယာ က သုံးမိနစ်နဲ့နိုင်ခဲ့တာကို နောက်တစ်ကြိမ် ၂ မိနစ်နဲ့ အနိုင်ယူပြရအုံးမလား၊အရိုးသားဆုံးပြောရရင် ပွဲက အကြိတ်အနယ်တောင်မကားစားလိုက်ရပါဘူး အဲဒီပုံစံမျိုးနဲ့ အဆုံးသတ်ထားတာ ကို ချက်ချင်းကြီး မကျေပွဲပြန်ထိုးဖို့ ဆိုတာ ယုတ္တိမရှိပါဘူး ဒါကြောင့် ကျွန်တော့်ဘက်က လီယံဒိုနဲ့ ထိုးဖို့အကြံပေးခဲ့တာပါ လို့ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ရိုင်နီယာက ‘အနိုင်ရတဲ့သူနဲ့ပဲ ကျွန်တော်ထိုးချင်ပါတယ်။ အောင်လအန်ဆန်းလို ဖိုက်တာတစ်ယောက် ကို နောက်တစ်ကြိမ်ထပ်ပီး အနိုင်ယူဖို့က လောလောဆယ် ကျွန်တော့ပစ်မှတ် မဟုတ်သေးပါဘူး။ သူ့ကို ၂ မိနစ်နဲ့ အနိုင်ယူပြရအုံးမှာလား၊ ကျွန်တော့်စွမ်းဆောင်ရည်တွေ ကို ဒီထက်ပို ကောင်းအောင်ထုတ်ပြရအုံးမှာလား လို့ တုန့်ပြန်ပြောဆိုလိုက်တာ လည်းဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *