၁၄ နှစ်အရွယ် ခယ်မလေး ရေချိုးချိန် အဝတ်အစားလဲချိန်တွေ ကို အမြဲချောင်းကြည့်ပြီး စိတ်မထိန်းနိုင်ခဲ့ တဲ့ အမျိုးသား

Posted on


ယခုအဖြစ်အပျက်လေးကတော့ အင်ဒိုနီးရှားနိုင်ငံ ၊ Surabaya မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လက်ထပ်ပြီး (၄)လခန့်သာပေါင်းသင်းနေထိုင် ရသေးတဲ့ ခင်ပွန်းဖြစ်သူ ဟာ သူမ၏ (၁၄) နှစ် အရွယ်သာရှိသေး တဲ့ ညီမဖြစ်သူ ကို သားမယား ပြုကျင့်တဲ့ အဖြစ်အပျက် ကို မျက်မြင်တွေ့ရှိပြီး ရဲစခန်းတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၆) နှစ် အရွယ်ရှိနေပြီဖြစ် တဲ့ အမျိုးသမီး နှင့် ခင်ပွန်းဖြစ်သူ M Faisal အမည်ရှိ အသက် (၂၆)နှစ်အရွယ်တို့ ဟာ လွန်ခဲ့တဲ့ လေးလကမှ လက်ထပ်ထားခဲ့ကြတာပါ ။ ၎င်းတို့နေထိုင်ကြသော နေအိမ်တွင် ၎င်းတို့ဇနီးမောင်နှံ(၂)ဦးနဲ့အတူ (၁၄) နှစ်အရွယ် ညီမဖြစ်သူတို့ အတူတူ နေထိုင်ကြတာပါ။

နောက်ပိုင်းမှာတော့ Faisal ဆိုတဲ့ သူမအမျိုးသားဟာ ခယ်မတော်စပ် သူ ရေချိုးနေ ချိန်တွေ၊ အဝတ်လဲ နေချိန်တွေမှာ မကြာခဏ ဆိုသလိုချောင်းကြည့်ခဲ့ပါတယ် ။တစ်နေ့မှာ တော့ Faisal ဟာ လုံးဝစိတ်မ ထိန်းနိုင်တော့ ဘဲ ခယ်မတော်စပ်သူ ကို သားမယားပြုကျင့်ခဲ့ပါတော့တယ် ။ ဇနီးဖြစ်သူ အိမ်မှာမရှိတဲ့ အချိန်မျိုးကို အခွင့်ကောင်းယူ ပြီး (၁၄)နှစ် အရွယ် ခယ်ဖြစ်သူ ကို (၇)ကြိမ် ခန့် သားမယားပြုကျင့်ခဲ့ပါတယ် ။

သို့ပေမယ့် ကံကောင်းစွာနဲ့ပဲ တစ်ရက်မှ အစ်မဖြစ်သူ အိမ်ပြန်ရောက်လာချိန် မှာ နှစ်ယောက်စလုံး အဝတ်ဗလာနှင့် ရေချိုးနေခဲ့တာ ကိုတွေ့ရှိခဲ့ပြီး နောက် အစ်မဖြစ်သူက ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားပြီး တိုင်ကြားခဲ့ပါတယ်။

ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ ချိန်မှာတော့ ညီမဖြစ်သူမှာ အစ်မဖြစ်သူ၏အိမ်ထောင်ရေး ပျက်စီးသွားမည် စိုးသောကြောင့် နှုတ်ပိတ်ပြီးသာနေ ဖို့ ဆုံးဖြတ်ချက်ချ ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါ တယ် ။သူမကို သားမယားပြုကျင့် ချိန်တွေမှာ သူမ၏လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ထားခဲ့ပြီး အော်ဟစ်ခြင်းမျိုးမပြုလုပ်ရန်လဲ ခြိမ်းခြောက်ခဲ့ကြောင်း ထပ်မံထွက်ဆို ပြောဆိုခဲ့ပါတယ် ။

သူမရဲ့ အမျိုးသား Faisal ကလည်း ခယ်မဖြစ်သူ ကို သားမယားပြုကျင့်ခဲ့ခြင်း မှာ အဆိုပါ အချိန်တွင် မကောင်းဆိုးဝါ ပူးကပ်နေသောကြောင့် ဖြစ်ကြောင်း ပြစ်ဒဏ်လျော့ ပေါ့စေရန် လိမ်လည်ထွက်ဆိုခဲ့ပါတယ် ။ မည်သို့ပင်ထွက်ဆိုနေပါသော် လည်း Faisal ဟာ အမြင့်ဆုံးထောင်ဒဏ် (၁၅) နှစ်ခန့်ကျခံရနိုင် ချေရှိကြောင်း သိရှိရပါတယ် ။

crd..

Leave a Reply

Your email address will not be published. Required fields are marked *