၂၀၁၆ က အရမ်းဝနေ ခဲ့ တဲ့ ပုံလေးတွေ နဲ့ လက်ရှိ ကျစ်လစ်ပြေပြစ် နေ တဲ့ ပုံလေး နဲ့ ယှဉ်ပြီးပြလိုက် တဲ့ ရွှေပိုးအိမ်

Posted on

တက်သစ်စ မင်းသမီး လေး ရွှေပိုးအိမ် ကတော့ လက်ရှိအချိန်မှာ ဆိုရင် သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်းရှိလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေတာပဲဖြစ်ပါတယ်နော်။

ရွှေပိုးအိမ် ကတော့ ဗွီဒီယိုဇာတ်ကား တွေမှာလည်း သူမရဲ့ ပိုင်နိုင်တိကျ တဲ့ သရုပ်ဆောင်မှု တွေ ကြောင့် ပရိသတ်ကြီး က အားပေးနေကြရတာပါနော်။ သူမ က တော့ ပြည့်ပြည့်ဖောင်း ဖောင်းလေးနဲ့ ချစ်စရာ ကောင်းလွန်းတဲ့ ပုံလေးကြောင့် လူချစ်လူခင်များကာ ပရိသတ်တွေ ချစ်ခင်အားပေးနေ ကြတာလည်းဖြစ်ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေ ကိုလည်း အမြဲဖော်ပြ လေ့ရှိရာ ယခုလည်းပဲ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက သူမ အရမ်းဝနေခဲ့တဲ့ ပုံလေးတွေ ကိုထုတ် ပြလာတာတွေ့ ရပါတယ် ။ လက်ရှိမှာတော့ အရမ်းကို ပြောင်းလဲသွားပြီး လှပ ဆွဲဆောင်မှုရှိလာ တာ ကြောင့် ပရိသတ်တွေ က အံ့ဩသွား ခဲ့သလို ပိန်ပြီး ကျစ်လစ်အောင်လေ့ကျင့်ခန်း တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမကို ချီးကျူးနေကြ တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီး အတွက် ရွှေပိုးအိမ်ရဲ့ ယခင်က ပုံလေးတွေနဲ့ လက်ရှိ ကျစ်လစ်လှပနေတဲ့ ပုံလေးတွေကို ယှဥ်တွဲဖော်ပြလိုက် မျှဝေပေးလိုက်ပါတယ်။

Credit:Cele zone

Zawgyi





Credit:Cele zone

Leave a Reply

Your email address will not be published. Required fields are marked *