၇ ရက် သားသမီးများ အတွက် (၁၇.၁၂.၂၀၂၀)ရက်နေ့ မှ (၂၃.၁၂.၂၀၂၀) အထိ တစ်ပတ်စာ ဟောစာတမ်း

Posted on

၇ ရက် သားသမီးများအတွက် (၁၇.၁၂.၂၀၂၀)ရက်နေ့ မှ (၂၃.၁၂.၂၀၂၀) အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေ သားသမီးများအတွက်

မိမိကိုယ်တိုင်က စီးပွားရေးအပေါ်နားမလည်ရင်တောင်မှ မိမိလုပ်ဆောင်မှုတွေက စီးပွားရေးကိုပိုမိုကောင်း သွား စေတတ်ပါတယ်။ ခေါင်းဆောင်များ၊ မန်နေဂျာများ မိမိ အောက်ငယ်ငယ်သားတွေကို ကောင်းစွာစီမံ ခန့်ခွဲနိုင်ပါလိမ့်မယ်။ သားသမီးပညာရေးအတွက်စိတ်ချမ်းသာရ လိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်သွား ပါ လိမ့်မယ်။

မိတ်ဆွေသစ်တွေရလာလိမ့်မယ်။ ဖခင်ရဲ့ စီးပွားရေး၊မိသားစုစီးပွားရေးတွေကိုတတ်နိုင်သ၍ ကူညီ ပေးနေ ရတတ်ပါတယ်။ ခရီးကိစ္စတွေ အလွဲအလွဲအချော်ချော်ဖြစ်ရတတ်ပါတယ်။ ငွေအလွန်မှအထွက်များ တဲ့အချိန် အခါပဲဖြစ်ပါတယ်။ လက်ထဲငွေရှိနေရင်ဆီလို အပေါက် ရှာ ပြီးထွက် ရတတ်ပါတယ်။စီးပွားရေးအလုပ်တွေကို အသစ်အဆန်းတစ်ခုခု စလုပ်မိရင် အဆင်မပြေတာ ကပို များပါလိမ့်မယ်။ အောက်လက်ငယ်သားတွေကို ယုံပြီး အရေးကြီးတဲ့အလုပ်တွေမ ခိုင်းမိပါစေနဲ့။ မိမိသားသမီး ကျန်းမာရေး အတွက်ပူပန်ရတတ်ပါတယ်။ အပြောမှား အလုပ်မှားတွေ ဖြစ်တတ်ပါတယ်။ ဘာလုပ်လုပ်အရင် စဉ်း စား ချင့်ချိန်ပြီးမှလုပ်ကိုင်စေချင်ပါတယ်။

အသွားအလာ ဆင်ခြင်ပါ။ ရန်ဖြစ်တတ်ပါတယ်။အစားမှား ဆေးမှားဆိုတာ မျိုး အလွန်မှ ဖြစ်လွယ်ပါတယ်။ ကျန်းမာရေး ဂရုစိုက် ပေးလိုက်ပါ။ အချစ်ရေးမှာတော့စန်းအားကောင်းနေတဲ့ ကာလပါပဲ။ ပညာသစ်တွေရလွယ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၉/၅ အထူးဟော ကံသင့်ပါတယ်။ ယတြာ ကော်ပြန့်ကြော်ဘုရားကပ်လှူပေးပါ။

တနင်္လာ သားသမီးများအတွက်

သတိပေးချင်တာက အိမ်ထောင် သည်များစုတ်ကိစ္စ တွေမရှုပ်ထွေးမိပ ါစေနဲ့။ လုပ်မိရင်တော့ ရှင်းမရဖြစ် တတ်ပါ တယ်။ မထင်မှတ်ဘဲအလုပ်အော်ဒါ တွေများ လာတတ်ပါတယ်။ လူမှုရေးကိစ္စ တွေနဲ့ပတ်သက်ပြီး ထင်ပေါ် ကျော်ကြားပါလိမ့််မယ်။ကိုယ်ဖြစ်ချင်တဲ့အ ခြေအနေကိုကူညီပံ့ပိုးပေး မဲ့သူတွေနဲ့ကြုံရ တတ်ပါတယ်။ လက်လီထက် လက်ကားအလုပ်များနှင့် လုပ်ငန်းကြီးတွေကတော့ အဆင်ပြေနိုင် တာကိုတွေ့ ရပါတယ်။

အိမ်ထောင်ရေ းသာယာပါ လိမ့်မယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လဲ လုံ့လဝီရိယစိုက်ထုတ်နိုင်သလောက်အဆင်ပြေတိုးတတ်နိုင်ပါတယ်။ အချိန် မဖြုန်း ဖို့ အထူးမှာချင်တယ်။ ခေါင်းရှုပ်၊စိတ် ညစ်နေတတ်တာမျိုး တော့ရှိနိုင်ပါတယ်။စက်တွေအပျက်အစီး များနေပါ လိမ့်မယ်။ အခွင့်အရေးကောင်းတွေ လက်ဝယ်ရရှိမဲ့ အချိန်ကာလ ပါပဲ။အတိုက်အခံ ကြားမှငွေကံ ကောင်းပါလိမ့် မယ်။

အပျော် အပါးနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ ငွေကုန်မှုတွေ၊ငွေ ဖြုန်းတီးမှုတွေမရှိအောင်ကြိုး စားရပါလိမ့်မယ်။ ဘာသာရေး၊ ကုသိုလ်ရေး၊ဒါနတွေများများလုပ်လေကံကောင်းလေပါပဲ။ နှလုံးသားရဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ လူချစ် လူခင် များနေတတ်ပါတယ်။ အချစ်ရေးမှာတော့ မိမိရဲ့တွေ ဝေမှုကြောင့် အခွင့် အလမ်းတွေကို လက်လွှတ်ရ တတ်ပါတယ်။ ကျန်းမာရေး အရမ်းဆိုးနေတာမျိုးမတွေ့ရပါ။

အကျိုးပေး ဂဏန်း ၃/၆/၂ (အထူးဟော အကူအညီများ စွာရ တတ်ပါတယ်) ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဗူး လူကြီးမိဘတွေကို လှူဒါန်းလိုက်ပါ။

အင်္ဂါ သားသမီးများအတွက်

ချစ်သူဆီက မျှော်လင့်ထားတဲ့ အဖြေရ တတ်ပါတယ်။ အချစ်ရေး ကံကောင်းနေ ပါလိမ့်မယ်။ ခရီးကိစ္စ တွေ တော်တော် များများအဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော့လဲ အထူးအဆင် ပြေစိတ်ချမ်း သာ ရမယ်။ ခြေလှမ်းအသစ်စတင်လှမ်းရမဲ့ကာလပါပဲ။ အဟောင်းတွေကို စွန့်ခွာပြီး အသစ်ဖန်တီးသွားရမဲ့အချိန်ပါ။

ဒီအပတ်ဟာမိမိကို လိမ်လည်သွားသူမျိုးနဲ့လဲ ဆုံရတတ်ပါတယ်။ ကူညီမလိုနဲ့ ဒုက္ခပေးသွားတတ်ပါတယ်။ ကိုးကွယ် စရာ ဘာသာရေးနဲ့ပတ်သက်သော ဘုရား ရဟန္တာ ပုံတော်ကားချပ်များလဲ ရောက်လာတတ်ပါတယ်။ လူမျိုးခြား ဘာသာ ခြားတွေနဲ့ပတ်သက်လု ပ်ကိုင်ခြင်းများလဲ အမှားများနိုင်တဲ့အချိန်ပါပဲ။ ဒီအပတ်ဟာ ဘာကိစ္စပဲဖြစ်ဖြစ် ကြား ကနေ အကျိုးတော်ဆောင် တစ်ဦးကဆင့် ဆောင်ရွက်သွားခြင်းက ပိုမိုအဆင်ပြေပါ တယ်။

စီးပွားအလုပ် ကောင်း မွန်တဲ့ကာလပါပဲ။ ဒါပေမဲ့ဈေးဆိုင်တွေဆို ရောင်းအားကောင်းပေမဲ့ အကြွေးကျတာတွေ၊ အလုပ်အော်ဒါတွေရှိ ပြီးတော့ ငွေချက်ချင်းမပေါ်တာမျိုးတွေလဲ ဖြစ်နေရတတ်ပါတယ်။ အလုပ်ကကြီးလာပြီး ငွေမနိုင်တာမျိုးတွေ ဖြစ် လာ တတ်ပါတယ်။ ဝန်ထမ်းများလဲ နေရာကောင်းရပြီးတော့ အလုပ်တွေကလဲပုံနေတတ်ပါသေးတယ်။ ငွေချေး ငှား တာမျိုးတွေ၊ စာချုပ်စာတန်းမပါဘဲငွေလွယ်လွယ်ပေးလိုက်တာမျိုးတွေတော့ ဒီအပတ်မှာရှောင်ရှားစေချင် ပါတယ်။

အကျိုးပေးဂဏန်း ၈/၇/၀ ( အထူးဟော အလုပ်တွေများပြားပင် ပန်းနေတတ်ပါတယ်။) ယတြာ ဇီးယိုစုံ တစ်ထုပ် ဘုရားလှူပေးပါ။

ဗုဒ္ဓဟူး၊ရာဟု သားသမီးများအတွက်

ဒီအပတ်ကိစ္စများ၊အလုပ်များ နေရတတ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေ တွေရဲ့အလှူ၊မင်္ဂလာဆောင် တွေမှာ ကူညီပေးနေရတာမျိုး တွေကြုံရတတ်ပါတယ်။ အလုပ်ကိစ္စတွေမှာလဲ အရမ်းကြီး ဦးဆောင်ဦးရွက် မလုပ်လိုက်ပါနဲ့။ ခေါင်းဆောင်ထက် နောက်လိုက်အဖြစ်သာနေထိုင်လုပ်ကိုင် သင့်တဲ့ကာလတစ်ခုပါပဲ။ ရွှေငွေလက်ဝတ်ရတနာများ ဒီအပတ်မှာစတင် ဝတ်ဆင်ခြင်းမျိုးကိုအထူးပဲ ရှောင်စေချင်ပါတယ်။

လာဘ်ပိတ်စေတဲ့ ယုတ်ညံ့တဲ့ကိစ္စများလဲ ဒီကာလမှာရှောင်ရှားစေချင်ပါတယ်။ဘာသာရေးကိုအထူးကိုင်းရှိုင်းခြင်းဖြင့် အဆင်ပြေမှုတွေရလာလိမ့်မည်။ အခြား အရေးကိစ္စထက်ကျန်းမာရေးကို ပိုမိုဂရုစိုက်ပါ။ ရေချိုးမှားခြင်း ၊ခေါင်းလျှော်တာနောက်ကျခြင်းမျိုးတွေကြောင့် ကျန်းမာ ရေး ညံ့သွားတတ်ပါတယ်။ အရမ်းအေးနေချိန် ရေချိုးတာချိန်ဆဖို့လိုအပ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်အားနည်းချက်တွေရှိနေတာ ကြောင့် မိမိအနေနဲ့ အဆင်ပြေအောင်ဆက်ဆံတတ်ပါစေ၊ အလုပ်တွေများနေရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်ပဲဖြစ် ဖြစ်၊အများဝန်ထမ်းပဲဖြစ်ဖြစ် လုပ်စရာအလုပ်တွေပုံနေ တတ်ပါတယ်။ အလုပ်စီးပွားကောင်းပေ မဲ့အောက်ခြေသိမ်း ကအစ ကိုယ်ပဲလုပ်မယ်ဆိုပိုကောင်းပါတယ်။ အချစ်ရေး နှင့်အိမ်ထောင်ရေးတွေမှာ စကားပြောလိမ္မာ ပါးနပ်ဖို့သိပ်လိုပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၄ (အထူးဟော စကားအပြောအဆိုထိန်းသိမ်းပါ) ယတြာ အုန်းယိုပါတဲ့ ပေါင်မုန့်ကိုဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး သားသမီးများအတွက်

ဒီအပတ်ထဲ အိမ်ထောင်ရေး၊အိမ်တွင်းရေး အလွန်ကောင်းပါတယ်။ အိမ်သား အချင်းအချင်း အဆင်မပြေတာ တွေကို ညှိနှိုင်းပြီး ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ အလှူအတန်းပေးရ၊လှူရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ပညာတစ်ခုစတင်သင်ခြင်းများ၊ သင်တန်းစတင်တတ်ရောက် ခြင်းများအလွန်ကောင်း ပါတယ်။ သမထဘာဝနာပွား များသူများလဲ ဒီအပတ်မှာစတင်ပြီး အဓိဋ္ဌာန်ဝင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ပြီးစီးခြင်းကိုရရှိပါလိမ့် မယ်။

ငွေကြေးလာဘ်လာဘတွေလဲ ရွှင်လန်းနိုင်တဲ့ကာလ တစ်ခုပါပဲဗျာ။ ခရီးကောင်းတွေလဲ သွားရတတ်ပါတယ်။ မိသားစုနဲ့ဒါမှမဟုတ် ချစ်သူနဲ့ အပျော်ခရီးတွေသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။ ဝစီဒုစရိုက်ကိုရှောင်ခြင်းဖြင့် ကံကောင်းခြင်းတွေ မိမိဆီကိုရောက်လာပါလိမ့်မယ်။ ကုန်သွယ်ခြင်းများ၊ ရပ်ဝေးသွားပြီး ရောင်းဝယ်ဖောက်ကား ခြင်းများလဲ အထူးပဲ အဆင်ပြေနိုင်ပါတယ်။

မိမိအတွက် စိတ်ကူးသစ် အတွေးသစ်တွေလဲ ရလာမဲ့အချိန်ပါပဲ။ စိတ်ပါ ဝင်စားစွာ လုပ်ဆောင်ထားတဲ့ ကိစ္စတွေက ဒီကာလမှာ အကျိုးအမြတ်ကြီးစွာနဲ့ ပြန်လည်အကျိုးပြုနေတတ်ပါတယ်။ ဆရာသမားတွေရဲ့အကူအညီတွေကို တောင်းခံလို့ကောင်းတဲ့ကာလပါပဲ။ထီဝါသနာပါသူများထီကံစမ်းဖို့ကောင်းတဲ့ နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း ၉/၆/၅ (အထူးဟော ကံမြင့်မားနေတတ်ပါတယ်) ယတြာ ခြေသုတ်ခုံလေး တစ်ခုဘုန်းကြီး ကျောင်းလှူလိုက်ပါ။

သောကြာ သားသမီးများအတွက်

မိမိနဲ့အတူတကွလုပ်ကိုင် တဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ အပေးအယူတည့် ဖို့လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေနဲ့အဆင်မပြေ တာတွေရှိနိုင်တဲ့ ကာလမို့ပါပဲ။ကျန်းမာရေး ကတော့ အနည်းငယ်ခြူ ခြာလွယ်ပါတယ်။ မိမိကိုယ် တိုင်က အနေအထိုင်အစား အသောက်ဆင်ခြင်လိုက်ပါ။ အိမ်ထောင်ဘက်က မိမိကိုအမြင်မကြည်တာလေးတွေရှိ နေနိုင်တဲ့အတွက် သေချာလေးဖြေရှင်းပေးစေလိုပါတယ်။

မိမိက ဒီနေ့ရက်တွေမှာလုပ်တာကိုင်တာတွေက နှေးကွေး လေးလံနေတတ်ပါတယ်။ အတွေးတွေများနေပြီး အချိန်ကုန် သွားတတ်ပါတယ်။မိမိကိစ္စထက် ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေရဲ့အရေးကိစ္စတွေကို ဝိုင်းဝန်း ကူညီပေးနေရတတ်ပါတယ်။ မိမိကို ပညာသင်ပေးတဲ့ဆရာသမားရဲ့ အဆင်မပြေတာလေးတွေဖြည့်ဆည်းပေးရတတ် ပါတယ်။ လူငယ်တွေဆိုအချစ် ရေးနဲ့ပတ်သက်သော စိတ်ညစ်စရာ လေးတွေအနည်းငယ်ကြုံနေတတ်ပါတယ်။

ငွေအသုံးကြမ်းသွားတာ ကြောင့်လက်ထဲမှာ ငွေလက်ကျန်မရှိတဲ့အထိ ဖြစ်ရပါတယ်။ အထက်လူကြီး ခရီးများနေတာ ကြောင့် မိမိအပေါ်အလုပ်တာဝန်တွေများလာတတ်ပါတယ်။ စီးပွား ရေးနဲ့ပတ်သက်ပြီးသူတစ်ပါးကို ဦးဆောင်ပြီး လုပ်ခိုင်းတာမျိုးရှောင်ပါ။ စိတ်ကူးထားသမျှအရာရာ ဖြစ် မလာတတ် ပါဘူး။

အကျိုးပေးဂဏန်း ၃/၀/၆ (အထူးဟော အိမ်တွင်းရေးအပူလေးတွေ ရှိနေတတ်သည်) ယတြာ သပြေပန်း ဘုရားတင်လှူပေးပါ။

စနေ သားသမီးများအတွက်

ဒီအပတ်ထဲလက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိနေထိုင်နေတဲ့ ပတ်ဝန်းကျင်ကနေ မနေချင် မထိုင်ချင်ဖြစ်ရပါ တယ်။ လူငယ်တွေ ဆို စိတ်ထွက်ပေါက် တစ်ခုခုလုပ်မိတတ်ပါတယ်။ အားနာတတ်သူများ၊ သနားလွန်းသူများ ဒီ အပတ် မှာသတိထားပါ။ အားနာ၊သနားပြီး ကူညီလိုက်တဲ့ကိစ္စတွေက စေတနာကနေ ဝေဒနာဖြစ် သွားရတတ်ပါ တယ်။ ငွေကအဝင်များနေသလို အထွက်လဲများ နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ပြဿနာ ဖြစ်မိရင်တော့ ပြန်လည်အဆင် ပြေဖို့ကြန့်ကြာတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အငန်နှင့် အရက်ကို အလွန်အကျွံ သုံးစွဲတာမျိုးလဲ ရှောင်လိုက်ပါ။

ကောင်းသော၊မြင့်မြတ်သော ကိစ္စမှန်သမျှ ဆောင်ရွက်ပါက အဆင်ပြေခြင်း ပြီးမြောက်ခြင်းသို့ ရောက်ရှိပါလိမ့်မယ်။ မိမိဆိုင်၊မိမိအ လုပ်ခန်း အားပြင်ဆင်ခြင်းများ၊ဆေးပြန်သုတ် ခြင်းများဒီ အပတ် မှာ ဆောင်ရွက်လို့အလွန် ပဲကောင်းပါတယ်။ စက်ပစ္စည်းဝယ်ခြင်း၊ ရောင်းခြင်းများလဲဆောင် ရွက်နိုင်ပါတယ်။ အောက်လက်ငယ်သား တွေကိုမြှောက်စားခြင်း၊ ထောက်ပံ့ခြင်းမျိုးကို လုပ်ဆောင်ခြင်းဖြင့် မိမိအကျိုး ကိုကြည့်မဲ့ ဝန်ထမ်းတွေရှိ လာပါလိမ့်မယ်။ ငွေဝင်မဲ့ကံရှိပါတယ်။ ဝါသနာပါရင် ကြာသပတေး သားသမီးနှင့် စပ်တူထီကံစမ်း ကြည့် လိုက်ပါ။

အကျိုးပေးဂဏန်း ၁/၇/၄ (အထူးဟော စိတ်ထွက်ပေါက်တစ်ခု ရှာချင်နေတတ်ပါတယ်) ယတြာ အာလူးကြော်တစ်ပွဲဘုရားကပ်လှူပေးပါ။

၇ ရက် သားသမီး အ ပေါင်း ကောင်းသောလို အင်ဆန္ဒ များ ပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09-77 5555 695 ၊ 09-44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *